နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကန့်ကွက်နိုင်ကြောင်း ကြော်ငြာ

ရွှေပြည်သာမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၃၇)၊ မြေကွက်အမှတ်(၃၁၃)၊ မြေကွက်တည်နေရာအမှတ်(၃၁၃)၊ စစ်ကိုင်းလမ်းသွယ်၊ (၁၃)ရပ်ကွက်၊ ရွှေပြည်သာ မြို့နယ် (ဦးသိန်းတန်)အမည်ပေါက် ပါမစ်မြေအား အမည်ပေါက် ဦးသိန်းတန်ကွယ်လွန် သဖြင့် ဒေါ်အေးအေးကြွယ်(၁၂/လမတ(နိုင်)၀၁၆၁၅၃)မှ ဇနီးတော်စပ်ကြောင်း တရားရုံးကျမ်းကျိန်လွှာ၊ ထောက်ခံကျမ်းကျိန်လွှာ၊ သေစာရင်းအိမ်ထောင်စုစာရင်း၊ ဦးသိန်းတန်အမည်ပေါက် ပါမစ်မူရင်းတွင် မိသားစုဓာတ်ပုံနှင့် ရွှေ့ပြောင်းမည့်သူများ၏ ရာဇဝင်အကျဉ်းချုပ်တို့သာ တင်ပြနိုင်ပြီး အိမ်ဆောက်လုပ်နေထိုင်ခွင့်နှင့် မှီခိုသူများ စာရင်းတို့ တင်ပြနိုင်ခြင်းမရှိဘဲ ပါမစ်(မစုံ)တင်ပြ၍ နှစ်(၆၀)မြေငှားစာချုပ်(ဂရန်)လျှောက်ထားလာရာ မြေပြင်ကွင်းဆင်းစစ်ဆေးချက်အရ ကာယကံရှင်မှ လက်ရောက် ရယူထားခြင်းမရှိဘဲ အခြားသူမှ ခြံစည်းရိုးခတ်ကာရံထားသည်ကို တွေ့ရှိရသဖြင့် မြေပြင်လက်ရောက်ရယူပြီးမှသာ ဌာနသို့ ပြန်လည်တင်ပြ၍ အကြောင်းကြားခဲ့ရာ ဒေါ်အေးအေးကြွယ်မှ အဆိုပါ မြေကွက်ကို ၁၉၉၁ ခုနှစ် လမ်းမတော်မြို့နယ်၊ ဗဟိုစည် ရပ်ကွက်ဖျက်၍ အစားထိုးပေးထားသည့် မြေကွက်ဖြစ်ပါကြောင်း၊ ယင်းမြေကွက်ရရှိ သည့် အချိန်မှစ၍ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရောင်းချ၊ ပေါင်နှံ၊ ငှားရမ်း၊ ပေးကမ်းထားခြင်းမရှိခဲ့ပါကြောင်း၊ ရုံးဝန်ထမ်းဖြစ်သဖြင့် နယ်တွင် သွားရောက်အမှုထမ်း နေရသဖြင့် ယင်းမြေကွက်အား သွားရောက်ကြည့်ရှုနိုင်ခြင်းမရှိခဲ့ပါကြောင်း၊ ယခုဂရန်သစ်လျှောက်ထားသည့်အချိန်တွင် ဦးသိမ်းအောင်မှ ခြံစည်းရိုးလာခတ်၍ ပိုင်ရှင်ရှိသည် မကျူးကျော်ရဟု ဗီနိုင်းလာကပ်သွားပါကြောင်း၊ ဌာနအနေဖြင့်  ပါမစ်အစစ်အမှန် ကိုင်ဆောင်သူဖြစ်သော ကျွန်မ ဒေါ်အေးအေးကြွယ်အား ငဲ့ညှာသောအားဖြင့် ကူညီဖြေရှင်းပေးပါရန် အသနားခံစာတင်ပြလာသဖြင့် မြို့/ရာသို့ မြေစာရင်းအတည်ပြုမေးမြန်းခဲ့ပြီး မြို့/ရာမှ အတည်ပြပြန်ကြားလာသည့် ပါမစ်နှင့် စိစစ်ခဲ့ရာ ဒေါ်အေးအေးကြွယ်မှ တင်ပြသည့် မြေချပါမစ်နှင့် ကိုက်ညီမှုရှိကြောင်း  စိစစ်တွေ့ရှိရသဖြင့် ဒေါ်အေးအေးကြွယ်မှ နှစ်(၆၀)မြေငှားစာချုပ် ဂရန်လျှောက်ထားလာရာတရားဝင်ခိုင်လုံသော အထောက် အထားများ ဖြင့် ဤကြော်ငြာပါသည့်နေ့မှစ၍ (၇)ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်း နှင့် ကန့်ကွက်မှုမရှိပါက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါ ကြောင်း အသိပေး ကြေညာအပ်ပါသည်။ ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)

မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ






အခြားဆက်စပ်သတင်းများ