နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ၃၉/B ၊ မြေကွက်အမှတ် ၆၂၀ မြေကွက်တည်နေရာ အမှတ် (၆၂၀)၊ သမာဓိ(၃)လမ်း၊ အမှတ် (၃၉/B)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (ဦးဟန်တင်) DQ-၀၀၇၆၅၅အမည်ပေါက် နှစ်(၆၀)မြေငှားစာချုပ်(ဂရန်)မြေအား အမည်ပေါက်  ဦးဟန်တင် (ကိုယ်စား Special Power ၉၂၈၇/၂၀၁၇(၁၀.၁၀.၁၇) ရရှိသူ ဒေါ်နုနုလှိုင် ၁/မညန(နိုင်) ၀၀၈၁၅၈)မှ ဂရန်မူရင်း၊ SPမူရင်း၊ ဦးဟန်တင် သက်ရှိထင်ရှားရှိပြီး SPမရုပ်သိမ်းသေးကြောင်း ဒေါ်နုနုလှိုင်၏ကျမ်းကျိန်လွှာ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားတို့တင်ပြ၍ မြေတိုင်းနှင့်အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် မြေပုံကူးလျှောက်ထားလာပါသည်။ မြို့မြေစာရင်း(Town Land Roll)တွင် ဦးဟန်တင် (DQ.၀၀၇၆၅၅)အမည်ဖြင့် အမှုတွဲအမှတ် ဒဂမ/ပရ/၁၉၄-၉၄(၁၃.၆.၉၅)ရက်နေ့တွင် နှစ်(၆၀)မြေငှားစာချုပ်(ဂရန်)ထုတ်ပေးထားကြောင်း မှတ်သားထားသည်ကို စိစစ်တွေ့ရှိရပါသည်။ မြေကွက်အမှတ်(၆၂၀) ဦးဟန်တင်(ပါမစ်အမည်ပေါက်) ပိုင်ဆိုင်သောမြေကွက်နှင့်ပတ်သက်၍ ဂရန်လျှောက်ထားလာသူရှိပါက ကန့်ကွက်ကြောင်း ဒေါ်နီလာအောင်(၁၂/ကမရ(နိုင်)၀၀၃၆၉၉)မှ (၅.၈.၂၀၁၃) ရက်စွဲပါစာဖြင့် ကန့်ကွက်စာတင်ပြခဲ့ပြီး အဆိုပါ ကန့်ကွက်ထားခြင်းကိစ္စကိုပြန်လည် ရုပ်သိမ်းကြောင်း ဒေါ်နီလာအောင်မှ(၁၇.၁၀.၂၀၁၃) ရက်စွဲပါစာဖြင့် ပြန်လည်တင်ပြခဲ့ပါသည်။ ထို့အပြင် ဒေါ်နီလာအောင်မှ ကန့်ကွက်လွှာတင်ထားခြင်းအား ရုပ်သိမ်းခွင့်ပြုပါရန်(၃.၇.၂၀၁၈) ရက်စွဲပါစာဖြင့်  ထပ်မံတင်ပြစဉ်  တင်ပြစာတွင်ပါမစ်မူရင်းကို (၈.၄.၂၀၁၃) ရက်နေ့တွင်            ဦးကြည်ဝင်းဆိုသူထံသို့ ရောင်းချပေးခဲ့ပြီးဖြစ်၍ ပါမစ်မူရင်းကိုလည်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ဒေါ်နီလာအောင်မှ ထည့်သွင်းဖော်ပြထားပါသည်။ သို့ဖြစ်ပါ၍ ဦးဟန်တင်ထံမှ SP ရသူ ဒေါ်နုနုလှိုင်မှ ဦးဟန်တင်(DQ-၀၀၇၆၅၅) အမည်ပေါက် နှစ်(၆၀) မြေငှားစာချုပ်ဂရန်(မူရင်း)တင်ပြ၍ မြေတိုင်းနှင့် အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်မြေပုံကူး လျှောက်ထားလာခြင်းအား တရားဝင်ခိုင်လုံသော အထောက်အထားများဖြင့် ဤကြော်ငြာပါသည့်နေ့မှစ၍ (၇) ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။ 

ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ






အခြားဆက်စပ်သတင်းများ