နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြင်းခြံ သစ်ပင်ပိ၍ ကားရှေ့ဘီးထောင်

 မြင်းခြံ၊  စက်တင်ဘာ ၂၁


မန္တလေးတိုင်းဒေသကြီး     မြင်းခြံ အမှတ် ၂ ရပ်ကွက်    မြင်းခြံ-မန္တလေး ကားလမ်း    ၉ သုံးလုံးစိုက်ပျိုးရေးဆိုင် အနီးတွင်    ကုန်တင် ၆ ဘီး ကားတစ်စီး    မြင်းခြံမှ မန္တလေးမောင်းနှင်လာစဉ် စက်တင်ဘာ ၁၉ ရက်၊ နံနက်    ၇  နာရီ ခန့်က အမြင့်ပေ   ၆၀ ၊  လုံးပတ် ၃ ပေရှိ   ထနောင်းပင်ဝင်တိုက်မိရာ   သစ်ကိုင်း ပိပြီး   ကားရှေ့ဘီးထောင်သွားမှုဖြစ်ပွား သည်။


ယင်းသတင်းကြောင့်   မြင်းခြံ မီးသတ်စခန်းမှ   ဦးစီးအရာရှိ ဦးအောင်ကိုသန့် ဦးဆောင်သောသန္ဓေ တပ်ဖွဲ့ ၂၀ က သွားရောက်ကူညီရှင်း လင်းပေး၍    လူထိခိုက်မှုမရှိပဲ  လမ်းရှင်း ပေးနိုင်ကြောင်း    မြင်းခြံမီးသတ်ထံမှ သိရသည်။                        ယွန်းယွန်း






အခြားဆက်စပ်သတင်းများ