နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥသြငှက်တစ်ကောင်၏ မိုင် ၇၅၀၀ ဆောင်းခိုခရီးကို သိပ္ပံပညာရှင်များ အံ့အားသင့်နေ

မေ  ၂၇၊  လန်ဒန်


ကုန်းတွင်းငှက်များအနက် ဆောင်းခိုရာ ခရီးအကွာအဝေး အရှည်လျားဆုံးဖြစ်သည့် ငှက်တစ်ကောင်၏ မှတ်တမ်းမှာ ပြီးဆုံးလုနီးပါးဖြစ်နေပြီဟု ဘီဘီစီသတင်းဌာနက ဖော်ပြသည်။ 


ဂြိုဟ်တုချိတ်ဆက်မှုကိုအသုံးပြုပြီး တောင်အာဖရိကတိုက်မှတစ်ဆင့် မွန်ဂိုလီးယားနိုင်ငံရှိ သားပေါက်ရာ အရပ်အထိ မိုင် ၇၅၀၀ ကျော် ပျံသန်းသည့် ဥသြငှက်တစ်ကောင်ကို သိပ္ပံပညာရှင်များက စောင့်ကြည့်လျက် ရှိသည်။ ဥသြငှက်မှာ နိုင်ငံပေါင်း ၁၆ နိုင်ငံကို ဖြတ်သန်းခဲ့ပြီးနောက် သမုဒ္ဒရာ ဖြတ်သန်းမှုများနှင့် လေပြင်း တိုက်ခတ်မှုများကို ရင်ဆိုင်ရှင်သန်နိုင်ခဲ့သည်။ မွန်ဂိုလီးယားနိုင်ငံ၏ မြစ်တစ်စင်းကို အစွဲပြု၍ အိုနွန်ဟု အမည်ပေးထားသည့် ဥသြငှက်မှာ မတ်လ ၂၀ ရက်က ဇမ်ဘီယာနိုင်ငံရှိ ဆောင်းခိုရာအရပ်မှ စတင်ထွက်ခွာ ခဲ့သည်။ 


အိုနွန်မှာ မွန်ဂိုလီးယားဥသြငှက်စီမံကိန်းအရ ပြီးခဲ့သည့်နွေရာသီက မွန်ဂိုလီးယားနိုင်ငံတွင် ဂြိုဟ်တုစနစ် ဖြင့် ချိတ်ဆက်ထားသည့် ဥသြငှက်ငါးကောင်အနက် တစ်ကောင်ဖြစ်သည်။ အိုနွန်သည် တစ်နာရီ ကီလိုမီတာ ၆၀ နှုန်းဖြင့် အိန္ဒိယသမုဒ္ဒရာကို ကီလိုမီတာထောင်ပေါင်းများစွာ မရပ်မနား ဖြတ်သန်းခဲ့ပြီး ကင်ညာ၊ ဆော်ဒီ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများကဲ့သို့ အလှမ်းကွာဝေးသည့် နိုင်ငံများကို ကျော်ဖြတ်ခဲ့သည်။ ဂြိုဟ်တုစနစ် ချိတ်ဆက်ထားသည့် ဥသြငှက် ငါးကောင်အနက် အိုနွန်မှာ အံ့အားသင့်စရာ အပြန်ခရီးစဉ်ကို ပြီးမြောက်ပြီး မှတ်တမ်းတင်ထားနိုင်သည့် တစ်ကောင်တည်းသော ဥသြငှက်ဖြစ်သည်။ ဘာယန်ဟု အမည်ရသည့် အခြား ဥသြငှက်တစ်ကောင်မှာ ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် အမဲလိုက်ခံရခြင်းကြောင့် သေဆုံးခဲ့ဖွယ်ရှိသည်။  

                   

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ