နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်သူကိုဗဟိုပြု အလေးထား

မြန်မာနိုင်ငံသည် ယဉ်ကျေးမှုနှင့် ပထဝီဝင်သဘောအရ မတူကွဲပြားသော တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြသော ပြည်ထောင်စုနိုင်ငံဖြစ်သည်။ စည်းလုံးညီညွတ်မှုအထူးလိုအပ်ပြီး ပဋိပက္ခများနှင့် ရင်ဆိုင်ဖြေရှင်း ဖြတ်သန်းနေရသည်။ တိုင်းပြည် တိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးအတွက် အစိုးရ ပြည်သူတို့ လက်တွဲပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။


ယနေ့ကာလတွင် ခေတ်စနစ်နှင့်အညီ ပွင့်လင်းလွတ်လပ်သည့် လူ့အဖွဲ့အစည်းကို တည်ဆောက်နေရာ အချို့နေရာများတွင် အလွန်အကျွံ လွတ်လပ်မှု၊ အလွန်အကျွံ ပွင့်လင်းမှုများကြောင့် မမြင်သင့်၊ မကြားအပ်သောဖြစ်စဉ်များ ဖြစ်ပွားလာသည်ကို တွေ့ရပေသည်။ အများပြည်သူတို့ လွတ်လပ်စွာနေထိုင်လှုပ်ရှားမှု ကို ခွင့်ပြုထားသော်လည်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရား ဥပဒေစိုးမိုးရေးကိုထိခိုက်စေမည့် လှုပ်ရှားမှုများကို ကာကွယ် စောင့်ရှောက်ပေးကြရပေသည်။

ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုအတွက် လိုအပ်ချက်တစ်ရပ်ဖြစ်သည်။ ရပ်ရွာအေးချမ်းသာယာမှ ကောင်းမွန်သော အသက်မွေး ဝမ်းကျောင်းပြုနိုင်ပြီး လူမှုဘဝလှပမည်ဖြစ်ပေသည်။


အထူးသဖြင့် အေးချမ်းသာယာမှုနှင့် လူမှုဘဝလုံခြုံရေးကို ဖျက်ဆီးတတ်သော ဒုစရိုက်မှု၊ အနိုင်အထက်ပြုကျင့်မှုကို မပေါ်ပေါက်အောင် အကာအကွယ်ပေးခြင်းသည် အားလုံးတွင် တာဝန်ရှိသကဲ့သို့ သက်ဆိုင်ရာတို့တွင်လည်း တာဝန်ရှိပေသည်။


ပြည်သူများဘဝကို မျက်ကွယ်မပြုသကဲ့သို့ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ထာဝစဉ်အကာ အကွယ်ပေးရေးတွင် သက်ဆိုင်ရာလုံခြုံရေးဆိုင်ရာတွင် တာဝန် ရှိပေသည်။ ပြည်သူကိုယုံကြည်ကိုးစား အားထားထိုက်သော ပြည်သူကိုအကာအကွယ်ပေးပြီး မတရားမှုများကို တားဆီးပေးနိုင် သော ပြည်သူဘက်က မားမားမတ်မတ် တာဝန်သိသိ၊ သစ္စာရှိရှိ စွမ်းဆောင်ပေးနိုင်မည့်သူများကို ယုံစားကြရမည်ဖြစ်ပေသည်။ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ဖြစ်စေရေး အတွက် ကြိုးပမ်းအကောင်အထည်ဖော်ရာတွင် ပြည်သူနှင့် တစ်သားတည်းဖြစ်အောင် လုပ်ဆောင်၍ ပြည်သူ၏လိုအပ်ချက်၊ တိုင်းပြည်၏လိုအပ်ချက်တို့ကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝှိုက်၍သော်လည်းကောင်း လုပ်ဆောင်ပေးခဲ့သည့် သမိုင်း ကြောင်းတွင် တပ်မတော်၏ဆောင်ရွက်ချက်များကို တွေ့မြင်နိုင် ပေသည်။ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူ အကျိုးပြုလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်ခဲ့သည်။


ပြည်သူကိုအကာအကွယ်ပေးပြီး မတရားမှုများကို တားဆီး ပေးနိုင်သော၊ ပြည်သူဘက်က မားမားမတ်မတ်တာဝန်သိ၊ သစ္စာ ရှိရှိ စွမ်းဆောင်ပေးနိုင်မည့်သူများ ယုံစားကြမည်ဖြစ်ပေသည်။ တိုင်းပြည်နှင့်လူမျိုး အကျိုးစီးပွားကိုရှေးရှု၍ ပူးပေါင်းလက်တွဲ ဆောင်ရွက်ခြင်းဖြင့် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ပေါ်ထွန်းလာရေး ပူးပေါင်းဆောင်ရွက်စေချင် ကြောင်း။       ။






အခြားဆက်စပ်သတင်းများ