နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့ကြီးများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ပို့ဆောင်ဖြန့်ဖြူး

ရန်ကုန်၊  စက်တင်ဘာ ၂၀


ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများ၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်ဆေးရုံ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့်    ကိုဗစ် စင်တာများ၌ တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်း များ၊ လူမှုရေးအသင်းအဖွဲများပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေး လျက်ရှိရာ  ၎င်းလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ  တိုးချဲ့ ကာကွယ်ဆေးသိုလှောင်ခန်းတွင် ထားရှိသည့်   ကိုဗစ်ရောဂါကာကွယ်ဆေး များကို စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး သို့  တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။


ထိုသို့ ဖြန့်ဖြူးပေးလျက်ရှိရာ စက်တင်ဘာ ၁၉ ရက်တွင် ရန်ကုန် တိုင်းဒေသကြီးအတွင်းသို့ ကာကွယ် ဆေး ၆၇၇၅၂ လုံး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ ကာကွယ် ဆေး ၅၇၉၅၈ လုံးနှင့် ကရင်ပြည်နယ်၊ ဘားအံမြို့သို့ ကာကွယ်ဆေး ၁၀၀၀၀ လုံးတို့ကို မြေပြင်ခရီးလမ်းကြောင်းမှ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ဆက်လက် ပို့ဆောင်ပေးခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများ က လက်ခံရယူပြီး သက်ဆိုင်ရာနေရာ များသို့ ဆက်လက်ဖြန့်ဖြူးပေးသွား မည်ဖြစ်သည်။


ယင်းသို ပို့ဆောင်ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ကာကွယ်ဆေးများကို ဦးတည်အုပ်စု လူဦးရေ၊ ဦးစားပေး အစီအစဉ်များနှင့်အညီ ပြည်သူများ သို့  အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ဝေးလံခက်ခဲသော ဒေသများသို့ တပ်မတော်(လေ)မှ ပို့ဆောင်ရေး လေယာဉ်၊ ရဟတ်ယာဉ်များ၊ မြန်မာ့ လေကြောင်းတို့၏ အကူအညီများ ရယူကာ လေကြောင်း ခရီးဖြင့်လည်း ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

(KKT)






အခြားဆက်စပ်သတင်းများ