နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိုင်ကယ်အတွင်း သယ်ဆောင်လာသည့် ငွေကျပ် ၃၈၁ သိန်းဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၅၀၀၀ ကျော် ဖမ်းဆီးရမိ

ဗန်းမော်၊  စက်တင်ဘာ ၂၀


ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် တွင် ဆိုင်ကယ်အတွင်း သိုဝှက်သယ် ဆောင်လာသည့် ငွေကျပ် (၃၈၁)သိန်း ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၂၅၀၀၀)ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၁)ဗန်းမော်မှ ဒုတပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်စွာထွန်း ဦးစီးအဖွဲ့သည် စက်တင်ဘာ ၁၉ ရက်၊ နံနက် ၉ နာရီက ဗန်းမော်မြို့နယ်၊ မံရွတ်ကျေးရွာတံတားအနီး၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်နေစဉ် ဗန်းမော်မြို့ဘက်သို့ စိုင်းကွမ်းခေးမောင်း နှင်လာသည့် အနက်ရောင်ဆိုင်ကယ် ကို   ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ရှေ့ရင်အုပ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၅၈၅၀)ပြား၊ ရှေ့ဝဲဘက်ဒူးကာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၅၈၅၀)ပြား၊ ရှေ့ယာဘက်ဒူးကာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၄၈၇၅)ပြား၊ ရှေ့မီးခွက်ကာဗာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၂၉၂၅)ပြား၊ နောက် ဝဲဘက်ဘေးကာဗာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၉၅၀)ပြား၊ ဖင်ထိုင်ခုံအောက်တူးဘောက်နှင့် ဖရိန်ကြားမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၉၅၀)ပြား၊ လေစစ်ဘူးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၉၅၀)ပြား၊ ရှေ့မီးခွက်ကာဗာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၀၈)ပြား၊ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား (၂၅,၄၅၈)ပြား  ကာလတန်ဖိုး (၃၈,၁၈၇,၀၀၀)ကျပ် တွေ့ရှိခဲ့သည်။ 


ဖြစ်စဉ်နှင့်ပတ်သက်ပြီး စိုင်းကွမ်းခေး (၂၄)နှစ်၊ ကုန်းဆာ ကျေးရွာ၊ နမ့်ခမ်းမြို့နယ်နေသူအား ဗန်းမော်မြို့မရဲစခန်းက မယ(ပ) ၈၉/၂၀၂၁ ၊ မူးစိတ်ပုဒ်မ ၁၉(က)ဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရ သည်။                                  မိုးသို့ဟိန်း






အခြားဆက်စပ်သတင်းများ