နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝ တမံ ရေပိုလွှဲ ၃ ပေခွဲခန့် ဆက်လက်ရေကျော်လျက်ရှိ

ရန်ကုန်  စက်တင်ဘာ ၂၀


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တွင်  ယခုရက်ပိုင်းနေ့စဉ်မိုးများ ရွာသွန်း နေသဖြင့် ဒေသခံတောင်သူများ စိုက်ပျိူး ရေးအတွက် မှီခိုအားထားရသည့်ကြီးအုံ ကြီးဝတမံတွင် မိုးရေဝင်ရောက်မှုရှိနေပြီး စက်တင်ဘာ ၁၉ ရက်  နံနက် ၆ နာရီ တိုင်းထွာချက်အရ တမံရေပြည့်မှတ်ဖြစ် သည့် ပေ ၃၄၀ အထက် တမံရေပိုလွှဲမှ ၃ ပေခွဲခန့် ဆက်လက်ရေပျော်ကျလျက် ရှိကြောင်း အဆိုပါကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံမှ သိရသည်။ 


"ယခုရက်ပိုင်း    မိုးရွာသွန်းမှုတွေ စိပ်နေတဲ့အတွက် ကြီးအုံကြီးဝတမံမှာ မိုးရေဝင်ရောက်မှုတိုးကာ တမံရေပိုလွှဲမှ ဆက်လက်ရေပျော်ကျမှုရှိနေပါတယ်။ စက်တင်ဘာ ၁၉ ရက် နံနက် တိုင်းထွာ ရာမှာ တမံရေပြည့်အမှတ်ဖြစ်တဲ့ ပေ ၃၄၀ အထက် ရေပိုလွှဲကနေ ၃ ဒသမ ၅ ပေခန့်ရေကျော်ကျမှုရှိပါတယ်။ တမံ ရေဝင်ရောက်မှုအခြေအနေနဲ့ တမံရဲ့ ကြံ့ခိုင်မှုတွေကို     နေ့စဉ်မပြတ်စောင့် ကြည့်နေပါတယ်။  ယခု လက်ရှိ တမံ ရေပိုလွှဲမှ ရေကျော်ကျမှုဟာ စိုးရိမ်ဖွယ်ရာ အခြေအနေမရှိပါဘူး။  ဒေသခံပြည်သူ တွေကိုလည်း   တမံရေဝင်ရောက်မှု အခြေအနေနဲ့ ရေပိုလွှဲကနေ ရေကျော် ကျမှုတွေကို နေ့စဉ်အသိပေး နှိုးဆော် ထားပါတယ် " ဟု အဆိုပါကြီးအုံကြီးဝ တမံတာဝန်ခံ(AE)  ဦးစိုးတင့်က  ပြော ခဲ့သည်။ 

AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ