နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသက် ၈၅ နှစ် အထက် ဘိုးဘွားများ လူမှုရေးပင်စင်နှင့် ကိုယ်ဝန်ဆောင်မိခင်များ အသက်နှစ်နှစ်အောက်ကလေးငယ်များ ထောက်ပံ့ကြေးများပေးအပ်

ငပုတော စက်တင်ဘာ ၁၉


ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် အတွင်းရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွားများကို လူမှုရေး ပင်စင် ထောက်ပံ့ ပေးအပ်ခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များနှင့် ယင်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်အောက်ကလေး ငယ်များအတွက် ထောက်ပံ့ ကြေးငွေများ ပေးအပ်ခြင်းကို စက်တင်ဘာ ၁၇ ရက် နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူများက အိမ်တိုင်ရာ ရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။


လူမှုဝန်ထမ်း ဦးစီးဌာနမှ ငပုတောမြို့နယ် အတွင်းရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွား ၁၇၇၇ ဦးကို ၂၀၂ဝ-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)အတွက် တစ်လလျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့် ၃ လ စာငွေကျပ် ၅၃,၃၁၀,၀၀၀ ကို လည်းကောင်း၊ ကိုယ်ဝန် ဆောင် မိခင်များနှင့် ယင်းတို့မှ မွေးဖွားလာသော အသက် နှစ်နှစ်အောက် ကလေးငယ်များ အပါအဝင် စုစုပေါင်း ၅၇၁ ဦးကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများ အတွက် တစ်လလျှင် ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် ၃ လစာ ငွေကျပ် ၂၅၇,၀၈၅,၀၀ဝ ကျပ် ထောက်ပံ့ပေးပြီး ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ