နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မအူပင်မြို့နယ်တွင် အသက် ၅၅ နှစ်အထက်အဘိုး၊ အဘွားများနှင့် နိုင်ငံ့ဝန်ထမ်းများ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ဆေးထိုးနှံ

မအူပင် စက်တင်ဘာ ၁၉


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အသက် ၅၅ နှစ်အထက် သက်ကြီး အဘိုး၊ အဘွားများနှင့် နိုင်ငံ့ ဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုလျှော့ချနိုင်ပြီး ကြိုတင် ကာကွယ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းကို စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဆေးထိုးခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည်။


ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို အမျိုးသား ရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိရာ မအူပင်မြို့တွင် အသက် ၅၅ နှစ်အထက် သက်ကြီး အဘိုး၊ အဘွားများနှင့် နိုင်ငံ့ ဝန်ထမ်းများကို ပထမဦးစားပေးအနေဖြင့် ထိုးနှံလျက်ရှိရာ စက်တင်ဘာ ၁၈ ရက်တွင် ၂၃၀ ဦးခန့်ထိုးထားလျက်ရှိပြီးဆေး လာရောက်ထိုးနှံမည့် ပြည်သူများကို ကာကွယ်ဆေးဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။      အောင်ခိုင်၊အောင်မြင့်မြတ် (မအူပင်)






အခြားဆက်စပ်သတင်းများ