နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပေါက်ခေါင်းမြို့နယ် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

ပေါက်ခေါင်း၊ စက်တင်ဘာ ၁၉


ပဲခူးတိုင်းဒေသကြီး ပြည် ခရိုင် ပေါက်ခေါင်းမြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် မှုဖြင့် စက်တင်ဘာ ၁၇ ရက် နံနက် ၈ နာရီမှစတင်၍ အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများ ကို ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကိုသတ်မှတ် နေရာအသီးသီးတွင် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရ သည်။


ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်း လုပ်ငန်းတွင် အကျုံးဝင်သည့် အသက် ၅၅နှစ်နှင့်အထက် ပြည်သူ များ၊ နာတာရှည် ရောဂါခံစား နေရသူများနှင့် မသန်စွမ်းသူ များကို ဦးစားပေးထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးခြင်း လုပ်ငန်း ဆောင်ရွက်ခြင်းကို မြို့နယ် ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်း များက တာဝန်ယူထိုးနှံပေး ခြင်း ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ဌာန ဆိုင်ရာ ဝန်ထမ်းများကကူညီ ဆောင်ရွက်နေမှုများကိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးဖြိုးသူမောင်နှင့် အဖွဲ့ဝင်များ၊ ပေါက်ခေါင်းမြို့နယ် ကျေးလက် ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးဇော်တို့က ကွင်းဆင်း ကြီးကြပ် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ကိုညို(ကျေးလက်)






အခြားဆက်စပ်သတင်းများ