နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်းစိန်မြို့နယ် စက်မှုဇုန် စက်ရုံအလုပ်ရုံများသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးမည်

ရန်ကုန် စက်တင်ဘာ ၁၉


ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinofarm၊ Sinovac) ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ ၂၁ ရက်မှ စက်တင်ဘာ ၂၅ ရက်အထိ ပြည်သူ့ကျန်းမာရေး ဝန်ထမ်း များက အင်းစိန်မြို့နယ် စက်မှု ဇုန်စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက် ကွင်းဆင်းပြီး အလုပ်သမားများကို ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံပေး မည်ဖြစ်ကြောင်း သိရှိရသည်။


ကာကွယ်ဆေးထိုးနှံရာတွင် ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံပြီးသူအလုပ်သမား ၃၆၁၀ ဦးကို ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးမည် ဖြစ်ပြီး ကာကွယ်ဆေး မထိုးနှံရ သေးသူ အလုပ်သမား ၈၆၀၁ ဦးတို့ကို ပထမအကြိမ် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးများ ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့်တာဝန်ရှိသူများ၏ ဝိုင်းဝန်းကူညီပံ့ပိုးမှုနှင့် အတူ    ဒုတိယမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး(စီမံ/ဘဏ္ဍာ) ဒေါက်တာမိုးမိုးမြင့်၏ အနီးကပ် ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများကသွားရောက်ထိုးနှံပေးမည် ဖြစ်သည်။


“စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်ကွင်းဆင်းထိုးနှံပေးရခြင်းသည် လူစုလူဝေးများတဲ့ နေရာတွေမှာ ရောဂါ ကူးစက်မှု နှုန်းများနိုင်တယ်၊ စက်ရုံအလုပ် ရုံများကိုလည်း ပိတ်ထား၍ မဖြစ်နိုင်ခြင်းကြောင့် လည်း ကောင်း၊ လူအတော်များများ ကာကွယ်ဆေး ထိုးပြီးမှသာ မိသားစုဝင်များ၏ ကလေးငယ် များနှင့် ကိုယ်ခံအားနည်းသူများ အတွက် အကာအကွယ်ရမှာ ဖြစ်တဲ့အတွက် လည်းကောင်း ထိုးနှံပေးခြင်း ဖြစ်ပါတယ်။ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီး သူများအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် တစ်ရာရာခိုင်နှုန်း ကာကွယ် နိုင်ခြင်း မရှိသေးသည့်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများဖြစ်သည့် တစ်ဦး နှင့် တစ်ဦးခပ်ခွာခွာနေခြင်း၊ မျက်နှာဖုံး(Mask)တပ်ဆင်ခြင်း၊ Faceshield တပ်ဆင်နိုင်ပါက တပ်ဆင်ခြင်း၊ လက်ဆေးခြင်း တို့ကို ဆက်လက်ဆောင်ရွက်ရ မည်ဖြစ်ကြောင်းနှင့် အဓိက အားဖြင့် တပ်ဆင်ထားပြီးသော Mask များကိုအပြင်မှပြန်လာ သည့်အခါ အိမ်တွင်ချိတ်ဆွဲ မထားရန်နှင့် စနစ်တကျ လုံခြုံ စွာ စွန့်ပစ်မှသာ ရောဂါကူးစက် ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်မှာ ဖြစ်ကြောင်း” ဒေါက်တာမိုးမိုးမြင့်က ပြော ကြားသည်။   


ဆုလှိုင် (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ