နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးငြိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့်အရေးပေါ် ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုပေးခြင်း သရုပ်ပြသမှုပြိုင်ပွဲကျင်းပ

ရန်ကုန် စက်တင်ဘာ ၁၉


ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အုတ်ပုံဆိပ် လမ်းရှိ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ ဌာနချုပ်ဝင်းအတွင်း၌ စက်တင်ဘာ ၁၉ ရက် နံနက် ပိုင်းက မီးသတ်တပ်ဖွဲ့ဝင်များ ၏ စွမ်းဆောင်ရည် မြှင့်တင်ရေး သရုပ်ပြပြိုင်ပွဲ အခမ်းအနားကို ကျင်းပသည်။(ပုံများ)


သရုပ်ပြပြိုင်ပွဲတွင် မီးသတ် တပ်ဖွဲ့ဝင်များ၏ တစ်ဦးချင်း စွမ်းရည်၊ အဖွဲ့လိုက် ပူးပေါင်း ဆောင်ရွက်နိုင်မှု စွမ်းရည်များ နှင့် ဘေးအန္တရာယ် အမျိုးမျိုး အပေါ် ရဲဝံ့စွန့်စားပြီး စွမ်းရည် များ မြင့်မားထက်မြတ်လာစေ ရန်နှင့် ကူညီကယ်ဆယ်မှု လုပ်ငန်းများကို အချိန်အခါ နေရာဒေသမရွေး ဆောင်ရွက် နိုင်စေရန် ရည်ရွယ်၍ Physical Fit ပြိုင်ပွဲနှင့် Emergency Medical Service (EMS) ပြိုင်ပွဲများ၊ အထပ်မြှင့်အဆောက်အဦမီးငြှိမ်း သတ်ခြင်းနှင့် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်း ဆောင်ရွက်မှုများ နှင့် EMS Team မှလိုအပ် သည့်ဆေးဝါး ကုသမှုပေးခြင်း တို့ကို မီးသတ်ယာဉ် ရှစ်စီး၊ မီးသတ်လူနာ တင်ယာဉ်လေးစီး တို့ဖြင့် တစ်ဦးချင်းနှင့် အဖွဲ့ လိုက် ပါဝင်ယှဉ်ပြိုင်၍ သရုပ် ပြသကြသည်။


ဘေးအန္တရာယ်အမျိုးမျိုးတို့တွင်တွေ့ကြုံရမည့် အရေးပေါ် လူနာများကို အသက်ဆုံးရှုံးမှု မရှိစေရေးအတွက် ထိခိုက်ဒဏ်ရာ ရရှိသော အရေးပေါ် လူနာကို ကူညီစောင့်ရှောက်ခြင်းနှင့်ကုသ ခြင်းဆိုင်ရာဥပဒေ”ပါပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်ရာ တွင် မီးဘေးလုံခြုံရေးလုပ်ငန်းနှင့် အရေးပေါ် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း စွမ်းဆောင် ရည်များ မြင့်မားတိုးတက်လာ စေရန်နှင့်သက်ဆိုင်ရာ တိုင်း ဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ မီးသတ်စခန်း များ အားလုံးတွင် ဆေးဘက် ဆိုင်ရာ ကျွမ်းကျင်သောမီးသတ် တပ်ဖွဲ့ဝင်များ ခန့်အပ်၍ ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့စည်းနိုင် ရန်နှင့် နိုင်ငံတော်နှင့် ပြည်သူ လူထုအပေါ်ကျရောက်လာနိုင် သည့် သဘာဝဘေး အန္တရာယ် များကို  ထိထိရောက်ရောက် ဆောင်ရွက်သွားနိုင်ရန်ရည်ရွယ် ၍ ယခုလိုသရုပ်ပြ ပြိုင်ပွဲကျင်းပ ခြင်းဖြစ်ကြောင်း သိရသည်။ 


အခမ်းအနားသို့  ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ အမှတ်(၁) တပ်မ တော်ဆေးရုံကြီး မင်္ဂလာဒုံမြို့ နယ် ခုတင် ၁၀၀၀  တပ်မှူး ဗိုလ်မှူးချုပ် မြင့်ဇော်၊ မီးသတ် ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမြတ်သူ ဦးဆောင်သည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသ ကြီး မီးသတ်ဦးစီးမှူးရုံးမှ အရာရှိကြီးများ ဖိတ်ကြားထား သော ဧည့်သည်တော်များ တက်ရောက်ကြောင်း သိရသည်။


ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ