နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြဝတီမြို့နှင့် ဘားအံမြို့နယ်တို့၌စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

မြဝတီ စက်တင်ဘာ ၁၉


မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မြဝတီမြို့ အမှတ်(၃)ရပ်ကွက်ရှိ မဝင်းပပမွန် (ခ)အငယ်မ၏ နေအိမ်သို့ ဝင်ရောက်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၂၂၇ ပြားကို လည်းကောင်း၊ ယင်းနေ့ ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံ မြို့နယ် ဂျိုင်းကျေးရွာအနီးတွင် အောင်ချမ်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ကို လည်းကောင်း၊ ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အဆိုပါ နေရာ အနီး၌ ဇင်ဘိုဘိုထူး မောင်းနှင်လာ သည့်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀ ကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့် ယင်းတို့ကို မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲ စေသောဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူ ထား ကြောင်း သိရသည်။                 ဆွေဦး






အခြားဆက်စပ်သတင်းများ