နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၉/၁၁ နှင့်ပတ်သက်၍ အပြောအဆိုများလာသော အချိန်ကာလ

အကြီးအကျယ်ဆုံးရှုံးပျက်စီးစေသော အယ်‌ကေဒါတို့၏ တိုက်ခိုက်ခြင်း နှင့်အမေရိကန်တို့၏တုံ့ပြန်မှုကြောင့် အကျိုး ဆက်များဖြစ်ပေါ်နေသည်မှာ မပြီးတော့ဘဲ ဆက်လက် ဖြစ်ပွား နေမည့်ပုံရ၏။ အာဖဂန်နစ္စတန်တို့က ၉/၁၁ ကိုမှတ်ယူထား ကြသည်မှာ “ ဆယ်စုနှစ်တွေကြာခဲ့တဲ့စစ်ပွဲအတွက် အစပျိုးခဲ့ ကြတာ။ ခုတော့ ကြီးကျယ်ပြီး ပြည့်စုံနေပြီ” ဟူ၍ဖြစ်သည်။ “အဖြစ်ဆိုးတွေစတင်ခဲ့သောအချိန်။” ဟူ၍လည်း ဆိုကြ၏။  


တိုက်ခိုက်မှုများစတင်ခဲ့သောအချိန်တွင် တာလီဘန်များသည် ကာဘူးအား ဗဟိုထား၍ တစ်တိုင်းပြည်လုံးရှိဒေသအများအပြား ကို ထိန်းချုပ်ရန် အားထုတ်နေကြကာ အိုစမာဘင်လာဒင်အား လည်း ကာကွယ်ထားကြသည်။ “ အာဖဂန်နစ်စတန်နဲ့အာဖဂန် တွေအဖို့တော့ ဒီအချိန်ဟာ ထိခိုက်နာကျင်တာတွေခံကြရမယ့် နေ့ပဲ”  ဟု တာလီဘန်တို့၏ အချက်အချာဒေသဖြစ်သော တောင်ပိုင်းမြို့တော် ကန်ဒါဟာတွင် ကုန်မျိုးစုံရောင်းနေသူတစ်ဦး ကပြောခဲ့သည်။ 


၂၀၀၁ ခုနှစ် စက်တင်ဘာလနံနက်ပိုင်းတွင်  မျှော်စင်အဆောက် အအုံမြင့်နှစ်ခုတွဲသို့ လေယာဉ်ပျံများဝင်တိုက်သောအချိန်တွင် တစ်ဦး နှင့်တစ်ဦး အာဃာတပွားများနေကြ သော ခေတ်သစ်စလာပြီ ဟုဆိုရမည်။ ယင်းညနေပိုင်းတွင် သမိုင်းပညာရှင်တစ်ဦးကမူ ၂၁ ရာစု အစပြုနေပြီဟု ဆိုခဲ့သည်။ အယ်ကေဒါတို့ကြောင့် အနည်းဆုံး လူ ၃,၀၀၀ နီးပါးမျှ အသက်ဆုံးရှုံးကြ၏။  ၎င်းအရေ အတွက်မှာ တစ်စိတ်တစ်ပိုင်းလေးသာ ရှိသေးသည်။ စစ်ဆင် ရေးစတင်လာသည်နှင့် ကြောက်လန့်ဖွယ်ရာ အဖြစ် အပျက်များ က ကွင်းဆက်ဖြစ်လာပြီး အမေရိကန် များနှင့်    နေအိမ်ပြင်ပတွင် ရှိကြသူများ ပါ  သောင်းချီကာ အသက်ဆုံး ကြသည် ဟုပြောကြ၏။ ထိုသို့ဖြစ်ခဲ့ခြင်းများမှာ နိဒါန်းမျှသာရှိသေးသည်တဲ့။ 


“ ဒီဇာတ်လမ်းတွေကို  ကြိုးကိုင်တဲ့ အိုစမာဘင်လာဒင်ကိုသာ အပြီးဖြတ်နိုင်ရင် အကြိမ် ၂၀ အထိ ယုံကြည်စိတ်ချနေမယ့် အမှားမျိုးမရှိနိုင်တော့ဘူး။ ခေတ်သစ်အဆုံးကို လည်း စိတ်ကူးနဲ့ မြင်နိုင်မယ်” ဟု ၁၀ ကြိမ်မြောက်နှစ်လည်မတိုင်မီ တစ်လမျှမရှိမီ အချို့သူများက မျှော်လင့်ချက်ထားကာ ပြောနေကြသေးသည်။ စစ်သွေးကြွများကို အင်အားသုံးကာဖယ်ရှားရန်  အမေရိကန်တို့က  ကြိုးပမ်းနေသည်မှာ ဆယ်စုနှစ်နှစ်စုကြာခဲ့၍ ထိုသို့ဆောင်ရွက် ကြရာတွင် လိုရင်းနှစ်ချက်ရှိနေသည်။ တစ်ခုမှာ ထိုကိစအား အကောင်အထည်ဖော်ရန်  လုပ်ပိုင်ခွင့်ဘောင် အတွင်း၌  ရှင်းလင်း တိကျစွာအကောင်အထည်ဖော်ရေးဖြစ်သည်။  သို့ရာတွင် တစ်ကမ္ဘာလုံးပါဝင်လာစေရန် စဉ်းစားထားသဖြင့် ကွာလှမ်းလှ သည်။ တစ်ခုရှိသေးသည်။ ၉/၁၁ ၏ ပြန်လည်ရိုက်ခတ်နေခြင်း ကို ဒေသတစ်ခွင်လုံး ခံစားနေရဆဲ ဖြစ်၍  ကာဘူးရှိ တာလီဘန် အစိုးရတစ်ဖွဲ့ ထူထောင်ရာတွင် ဘင်လာဒင်အားဧည့်သည်အဖြစ် လက်ခံရန်အတွက်  အေးအေးဆေးဆေးဖြစ်လာမည်မထင်။ အမေရိကန်တို့ကို မြင်နေရသည်မှာ ယနေ့တွင်ပို၍ဆုံးရှုံးထိခိုက်မှု များနေပုံရသည်။  


မည်သို့ဖြစ်စေ၊ ထိုသို့ဖြစ်နေသဖြင့် တည်တည်       ငြိမ်ငြိမ်နေနိုင်ကြမည်တော့မဟုတ်ချေ။ 

အယ်ကေဒါများကိုယ်တိုင် ရှင်သန်နေနိုင်ကြရန် အားထုတ်၍ အခြားသူများ ကလည်း စောင့်ရှောက်ကာကွယ်ပေးရန် တောင်းဆို နေကြသည်။  ဝေဖန်စရာတော့ရှိနေသည်။ 


အနောက်တိုင်းဒေသ တွင်မူ အစလာမ်အကြမ်းဖက်အယူအဆများက ခြိမ်းခြောက်နေသည့် သဘောရှိကြသဖြင့် အားလုံးတောင့်ခံ နေကြရသည်။   အလွယ်တကူ အဆင်ပြေနိုင်မည် မဟုတ်ချေ။


ပဲရစ်ရှိ ဘယ်တာဂရမ်ကပွဲရုံသည် ပြင်သစ်နိုင်ငံ ပါရီမြို့တွင်ရှိ၍ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်နေရာအဖြစ် သတ်မှတ်ထားပါသည်။ ယင်းနေရာရှိ တိုက်ရိုက်သီဆိုဖျော်ဖြေမှုများကို လူအများအပြားသွား ရောက်ကြည်ရှုလေ့ရှိကြသည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် နေ့၌ ယင်းကပွဲရုံကို စစ်သွေးကြွ အကြမ်းဖက်များကတိုက်ခိုက်ကြရာ လူအများအပြား အားသိမ်းကျုံးသတ်ဖြတ်ခဲ့သဖြင့် သေဆုံးသူဦးရေ စုစုပေါင်း- ၁၃၇ အထိရှိခဲ့ကာ ထိုအမှုနှင့်ပတ်သက်သူ ၂၀ ဦး တရားရုံးတွင် စစ်ဆေးနေသည် ဆို၏။ သောကြာနေ့တွင် စစ်ထောက် လှမ်းရေးအကြီးအကဲ ကင်မိကောရမ် က “ ပင်ဒန်မစ် ကူးစက်ရောဂါတွေပြန့်ပွားနေတုန်းမှာ    အကြမ်းဖက်သမား တွေ က စီမံခဲ့ကြတာ။ ထောက်လှမ်းရေးအဖွဲ့က ခြောက်ဆင့်အထိ ကာကွယ်ပြီးပြီ။ ဒါ နောက်ဆုံးအဆင့်ပဲ။  သက်စွန့်ဆံဖျားကိစ္စတွေက အဆင့်ဆင့် တို့ရဲ့လမ်းကြောင်းပေါ်မှာ ပိတ်ဆို့နေတယ်” ဟု ပြောခဲ့သည် ။ 


 ထိုပြင် မဲဒရစ်ရထားဗုံးဖေါက်ခွဲမှုများကြောင့် လူပေါင်း ၁၉၁ ဦးသေဆုံးကြကာ ၁,၈၀၀ ဒဏ်ရာရခဲ့ကြသည်။ ၂၀၁၆ ခု ဒီဇင်ဘာဘာလ  ၁၉ ရက်နေ့တွင် ခရစ်စမတ်ဈေးပွဲသို့မောင်းနေသည့်ဘတ်စ်ကား ဗုံးကွဲ၍ ကားပေါ်တွင် ပါလာသူ ၁၂ ဦးသေဆုံးပြီး ၅၆ ဦး ဒဏ်ရာရခဲ့ကြသည်။  

 

 ၂၀၁၇၊ မေလ ၂၂ ရက်နေ့တွင် လည်း အမေရိကန်အဆိုတော် အရီယာနာ ဂရန်ဒီ၏ ဖျော်ဖြေပွဲ ပြီးနောက် အင်္ဂလန်၊ မန်ချက် စတာမြို့၊ မန်ချက်စတာ ဇာတ်ရုံ၌ အသေခံဗုံးခွဲမှု ဖြစ်ပွား သည်။ 


ရဲတပ်ဖွဲ့မှ အတည်ပြုချက်အရ တိုက်ခိုက်သူမှာ ဆာမန် ရမဒန် အဘဲဒီ ဖြစ်ကာ ၂၂ နှစ် ရှိ လစ်ဗျားလူမျိုး ဗြိတိန်နိုင်ငံ သားဖြစ်နေသည်ဆို၏။ နောက်ပိုင်းတွင် ဗုံးခွဲတိုက်ခိုက်နေသော နည်းလမ်းများကို ပြောင်းလိုက်ကြဟန်တူသည်။ ငွေအမြောက် အမြားအကုန်မခံကြတော့ဘဲ ခက်ခဲရှုပ်ထွေးသော လျှို့ဝှက် အစီအစဉ် များလာသည်။ ဒေသတွင်းသုံးနိုင်ရန် ပို၍ဖန်တီးလာကြ၍ အသစ်အဆန်း တီထွင်ခြင်းမျိုးနည်းသွားသည်။ 


တကယ်တော့သမိုင်းစဉ်အား အလေးထားကာ သတိပြုနေရ သကဲ့သို့ စစ်ဆင်ရေးသုံးကာ ဖြေရှင်းရန် ဆုံးဖြတ်လိုက်ခြင်းသည် နိုင်ငံရေးပြဿနာများနှင့်ပတ်သက်သော လိုအပ်ချက်များကို ဖြည့်ပေးလိုက်သလို ဖြစ်သည် ။  စုံစမ်းလေ့လာမှုများအရ ကမ္ဘာ တစ်ဝန်းလုံးတွင် အကြမ်းဖက်အုပ်စုပေါင်း ၂၄၈ စုရှိရာ ၇ ရာခိုင်နှုန်း သာ စစ်ဆင်ရေးတပ်ဖွဲ့များ က အဆုံးသတ်နိုင်သေးသည် ဟု ဆိုကြ ၏။  


အမေရိကန်တို့သည် အရှည်ကြာဆုံးစစ်ပွဲကို ဆင်နွှဲခဲ့ကြပြီး အဆုံးသတ် တွင် ဆုံးရှုံးသည့်အနေအထားနှင့် ရင်ဆိုင်နေကြသည် ဟု ဆိုရမည်။ အာဖဂန်နစ္စတန်တို့ ကမူ တာလီဘန်တို့၏ လက် မြှောက်အရှုံးပေး ခဲ့ကြခြင်းကို လက်သင့်ခံရန်  ငြင်းပယ်၍ သွေးချွေး နှင့်ရင်းကာ ဖေါက်ခဲ့သော လမ်းပေါ်တွင် သက်သက်သာသာ လျှောက်လှမ်းခဲ့သည်။ 


အီရတ် က ကျူးကျော်နယ်ချဲ့ ခဲ့ရာတွင် ဖျက်ဆီးလုယက်မှုများရှိ ခဲ့သဖြင့် ထို အပျက်အစီးများကြားမှ  အစ္စလာမ်နိုင်ငံဟူ၍ပေါ်ထွက် လာခဲ့သည် ဟုဆိုရမည်။                        

ဆက်လက်ဖော်ပြပါမည်






အခြားဆက်စပ်သတင်းများ