နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မီးသုံးစွဲသူများ လိုက်နာသတိမူရေး

မိုးတွင်းကာလ ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ မီးလောင်မှုများဖြစ်ပွားလာခဲ့သည်။ စက်တင်ဘာ ၁၄ ရက်က တာမွေမြို့နယ်၊ စက်တင်ဘာ ၁၇ ရက်တွင် ရန်ကင်းမြို့နယ်၊ စက်တင်ဘာ ၁၉ ရက်က လှိုင်သာယာမြို့နယ်များ၌ မီးလောင်မှု များဖြစ်ပွားခဲ့သည်။ လူအသေအပျောက်မရှိသော်လည်း အများ ပြည်သူတို့ အထိတ်တလန့်ဖြစ်ကြရသည်။ 


မိမိတို့နိုင်ငံတွင်ဖြစ်ပွားသောမီးလောင်မှုများတွင် ပေါ့ဆမှု ကြောင့် လောင်ကျွမ်းသောမီးလောင်မှုများမှာ အများဆုံးဖြစ် ကြောင်း သက်ဆိုင်ရာဌာနများ၏သုံးသပ်ချက်အရ သိရပေသည်။ မီးဘေးအန္တရာယ်ကို ပြည်သူအားလုံးသတိမူလာရေးအတွက် အသိပညာပေးလုပ်ငန်းကို မီးသတ်ဦးစီးဌာနသည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်းဆောင်ရွက် လျက်ရှိသော်လည်း ပြည်သူများ လိုက်နာမူအားနည်းနေကြောင်း တွေ့ရပေသည်။


ယခုအခါ ရန်ကုန်မြို့တော်တွင် အထပ်မြင့်အဆောက်အအုံ များ ပေါများလာသည်။ အထပ်မြင့်အဆောက်အအုံများ လေဝင် လေထွက်ကောင်းအောင်      စီမံဆောင်ရွက်ထားသင့်ကြောင်း မီးသတ်ဦးစီးဌာနက အသိပေးထားပေသည်။ မီးဘေးကြိုတင် ကာကွယ်ရေးတွင် မီးသုံးစွဲလျှင် အမြဲသတိရှိပြီး လူစောင့်ထားခြင်း၊ မီးဖိုအနီးတွင် လောင်စာဆီများမထားခြင်း၊ မီးဖိုများကို မြေကျင်း တူးစနစ်တကျအသုံးပြုခြင်း၊ မီးဖိုအား စနစ်တကျကာရံခြင်း၊ ကလေးသူငယ်များအား မီးမဆော့ရန်ထိန်းသိမ်းခြင်း၊ မီးခွက်၊ မီးအိမ်၊ ဖယောင်းတိုင်များ ထရံနှင့် ခြင်ထောင်အနီးတွင် မထား ခြင်းတို့ကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပေသည်။ 


လျှပ်စစ်အသုံးပြုသူများသည် သတ်မှတ်ခံနိုင်ဝန်အားထက် ပိုမသုံးစွဲရန်၊ ခလုတ်ပျက်များ၊ ဟောင်းနွမ်းနေသော လျှပ်စစ်သွယ် တန်းကြိုးများ၊ လဲလှယ်သုံးစွဲရန်၊ လျှပ်စစ်ပစ္စည်းများကို တစ်ပြိုင် နက်တည်းမသုံးစွဲရန်တို့ လိုအပ်သကဲ့သို့ ပြင်ပသို့ထွက်ခွာတိုင်း လျှပ်စစ်မိန်းခလုတ်ကို စနစ်တကျပိတ်ခဲ့ရန် လိုအပ်ပေသည်။


မီးလောင်မှုဖြစ်ပွားလျှင် ထွက်မပြေးပါနှင့် ပတ်ဝန်းကျင်ကို  အကူအညီတောင်းရန်၊ မီးစတင်လောင်ကျွမ်းချိန်တွင် မီးသတ်နိုင် လျှင် မီးလောင်ဆုံးရှုံးမှုမများနိုင်ကြောင်း၊ အိမ်တိုင်း၊ အဆောက် အအုံတိုင်း၊ ယာဉ်တိုင်းတွင် ဓာတုဗေဒပေါင်ဒါမှုန့်ခြောက်၊ မီးသတ် ဆေးဘူးများဆောင်ထားခြင်းဖြင့် အလျင်အမြန်မီးငြိမ်းသတ်နိုင် ကြောင်း မီးသတ်ဦးစီးဌာန မီးဘေးအန္တရာယ် ကာကွယ်ရေး နှိုးဆော်ချက်ထုတ်ပြန်ထားပေသည်။


မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်များတွင် မီး ငြိမ်းသတ်ရေးသတိပေးနှိုးဆော်မှုများကို မီးသုံးစွဲသူများ ဂရုမပြု ခြင်း၊ မီးဘေးအန္တရာယ်ကာကွယ်ရေးလိုက်နာမှုအားနည်းခြင်းတို့ ကြောင့်  မလိုလားအပ်သောဆုံးရှုံးမှုများ  လျော့နည်းသွားစေရန် မီးသုံးစွဲသူအားလုံးက  ကြိုတင်ကာကွယ်စောင့်ရှောက်စေချင် ကြောင်း ။






အခြားဆက်စပ်သတင်းများ