ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် မြေတိုင်း ရပ်ကွက် အမှတ်(၃၃)၊ မြေကွက်အမှတ်(၂၄၁)၊ မြေကွက်တည်နေရာ အမှတ် (၂၄၁) ကျွန်းရွှေ မြိုင်လမ်း၊ (၃၃) ရပ်ကွက်၊ ဒဂုံမြို့ သစ် (မြောက်ပိုင်း) မြို့နယ် ဦးခင်မောင်စိုး (STG-၀၂၃၂၉၉) အမည်ပေါက် နှစ်(၆၀)မြေငှားစာချုပ် (ဂရန်) မြေအားဂရန်အမည် ပေါက် ဦးခင်မောင်စိုးအား တရားပြိုင်ထားကာ ဦးကြည်ထွန်းမှ တရားလိုပြုလုပ်၍ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် တရားရုံးတွင် တရားမကြီးမှု အမှတ်-၁၃/၂၀၁၉ ဖြင့် ပဋိညာဉ်အတိုင်း မြေကွက် အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ချုပ်ဆို ပေးစေလို မှု စွဲဆိုခဲ့ရာ အနိုင်ဒီဂရီရရှိခဲ့ပါသဖြင့် တရားရှုံး (ကိုယ်စား) ယင်းတရားရုံးဘီလစ်ဒေါ်လဲ့လဲ့ခိုင်မှ တရားမ ကြီးမှု အမှတ်-၁၃/၂၀၁၉ ၏ ၁၉-၄-၂၀၁၉ ရက်စွဲပါစီရင်ချက်၊ ဒီဂရီနှင့်ယင်းတရားရုံး၏ တရားမဇာရီမှုအမှတ်-၄၀/၂၀၂၀ ၏ နေ့စဉ် မှတ်တမ်း၊ ဘီလစ်ခန့်အပ်စာ၊ ဂရန်မူရင်းတို့ တင်ပြ၍ အရောင်းအဝယ်စာချုပ်ရန် မြေပုံကူး လျှောက်ထား လာခြင်းအား တရားဝင်ခိုင်လုံသော အထောက် အထားများဖြင့် ဤကြော်ငြာပါသည့် နေ့မှစ၍ (၇) ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့် ကွက်မှုမရှိပါက လုပ်ထုံးလုပ်နည်းအတိုင်းဆက် လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)
မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ