နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြောင်းမြမြို့၊ အကျဉ်းထောင်တွင် WY စိတ်ကြွရူးသွပ်ဆေးပြား ၄၈၅ ပြား ဖမ်းဆီးရမိ

မြောင်းမြ၊ စက်တင်ဘာ ၁၈


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြ ခရိုင်၊ မြောင်းမြမြို့နယ်၊ မုဆိုးကွင်း ကျေးရွာ၊ ထောင်ကုန်းလမ်းရှိ မြောင်းမြ အကျဉ်းထောင်တွင် စက်တင်ဘာ ၁၆ ရက် ည ၉ နာရီခွဲအချိန်က WY စိတ်ကြွရူးသွပ်ဆေးပြား ၄၈၅ ပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ မြောင်းမြအကျဉ်း ထောင်မှ ဒုကြီးကြပ်ရေးမှူး ဦးကျော် ဇေယျ၊ တာဝန်မှူးလက်ထောက် ကြီးကြပ်ရေးမှူး (၁) ဦးပြည့်ဖြိုးအောင် တို့အဖွဲ့သည် သတင်းအရအကျဉ်း ထောင်ဗဟိုကင်းပေါ်သို့ တက်ရောက် ပြီး အကျဉ်းထောင်တပ်သား မြတ်ခိုင် ဦး၏ ခန္ဓာကိုယ်ကို ရှာဖွေခဲ့ရာ ခါးတွင် ပတ်ထားသော FILA တံဆိပ်ပါ သားရေအိတ် အတွင်းမှ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၄၈၀ ပြား၊ အစိမ်းရောင် ၅ ပြား၊ စုစုပေါင်း ၄၈၅ ပြား၊ ကာလပေါက်စျေး တစ်ပြားလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့်  ၁၄၅၅၀၀၀ ကျပ်ကို တွေ့ရှိရသဖြင့် မြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ရာ နယ်ထိန်းအရာရှိ ဒုရဲအုပ်ဇော်ဇော်အောင်ဦးစီးသောအဖွဲ့မှ သက်သေ မရမ်းကုန်းရပ်ကွက် ရာအိမ်မှူး ဦးကြည်လွင်၊ ဦးဝင်းထွန်းတို့နှင့်အတူ ရောက်ရှိလာပြီး တွေ့ရှိသည့် ဆေးပြား များ၊ တိတ်အနက်ပတ်စက္ကူစတစ်စ၊ ဘေးလွယ်အိတ်နှင့် အကျဉ်းထောင် တပ်သား မြတ်ခိုင်ဦး ကိုင်ဆောင်သည့် ၀၉−၇၇၆၉၁၅၈၈၉ ဆင်းကတ်ပါ Vivo အမျိုးအစား နက်ပြာရောင် စမတ်ဖုန်း တို့ကို သိမ်းဆည်း၍ တရားလို ဦးတင့်ဆွေနှင့်အဖွဲ့မှ စိစစ်ဆောင်ရွက် ခဲ့ရာ အကျဉ်းထောင် တပ်သား အောင်ပိုင်ထွန်းမှ အကျဉ်းထောင် တပ်သား မြတ်ခိုင်ဦးထံပေးခဲ့ပြီး ၄င်းမှ ကင်းတာဝန်ကျ အကျဉ်းထောင် တပ်သား သင်္ကြန်ထံ ပစ်ချပေး၍ ကောက်ယူပြီး ပစ်ဒဏ်ကျခံလျက် ရှိသော အကျဉ်းသား ဘူကြီး(ခ) ဝင်းလှထံပေးကာ ၄င်းမှတစ်ဆင့် အကျဉ်းသားကိုကိုဟန်ထံ ပေးမည် ဖြစ်ကြောင်း သိရသည်။


အဆိုပါ မူးယစ်ဆေးဝါးများကိုယူဆောင်လာပြီး လက်ဝယ်တွေ့ရှိသူ အကျဉ်းထောင် တပ်သား မြတ်ခိုင်ဦး၊ ပါဝင်ပတ်သက်သူ အကျဉ်းထောင် တပ်သား အောင်ပိုင်ထွန်း၊ အကျဉ်း ထောင်တပ်သား သင်္ကြန်နှင့်အကျဉ်း ထောင်အတွင်းမှ မူးယစ်ဆေးဝါးများ ကို သယ်ယူလာခိုင်းသူ အကျဉ်းသား ဘူကြီး (ခ) ဝင်းလှနှင့် အကျဉ်းသား ကိုကိုဟန်တို့ငါးဦးကို အမှုဖွင့်အရေး ယူနိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကေခိုင်စိုး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ