နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပိုးလောက်လမ်းနှိမ်နင်းရေး

စွတ်စိုထိုင်းမှိုင်းအေးမြသည့် မိုးရာသီတွင် အဖြစ်များသည့်  ရောဂါများတွင် သွေးလွန်တုပ်ကွေးရောဂါလည်း ပါဝင်သည်။ သွေးလွန်တုပ်ကွေးရောဂါသည် အေးဒီးစ်ခြင်အကိုက်ခံရခြင်း ကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ အဆိုပါခြင်သည် နေ့အခါတွင် အစာရှာထွက်လေ့ရှိပြီး လူ၏အရေပြားမှ သွေးစုပ်ယူတတ်သည်။


အေးဒီးစ်ခြင်အကိုက်ခံရမှုကြောင့် ယင်းသယ်ဆောင်လာသော သွေးလွန်တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုးများ ပျံ့နှံ့သွားပြီး ရောဂါ ကူးစက်ခံရခြင်းဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါဖြစ်စေသည့် ခြင်အမျိုးအစားဖြစ်သော်လည်း ဗိုင်းရပ်စ်ပိုးသယ်ဆောင်ထားမှ သာလျှင် သွေးလွန်တုပ်ကွေးသည် အမှန်တကယ်ဖြစ်စေနိုင်သည်။


ကိုဗစ်-၁၉ တတိယလှိုင်း အခြေအနေတည်ငြိမ်စပြုချိန်တွင် မိုးရာသီကာလတွင်    ဖြစ်ပွားတတ်သည့်ရောဂါများကိုလည်း သတိပြုအလေးထားရမည်ဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာန သည်  သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေး စီမံချက်များ ချမှတ်ကာ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်လျက်ရှိသည်။


သွေးလွန်တုပ်ကွေးကာကွယ်ရေးတွင် ခြင်နှိမ်နင်းရေးသည် အဓိကကျသည့် ခြင်များခိုအောင်းနေနိုင်သည့် ပတ်ဝန်းကျင်ကို သန့်ရှင်းရေးပြုလုပ်ခြင်း၊   အမှိုက်သရိုက်များ  ရှင်းလင်းခြင်း၊ သန့်ရှင်းမှုများပြုလုပ်ဆောင်ရွက်၊  ရေစည်၊  ရေကန်များတွင် အဘိက်ဆေးခတ်ခြင်း၊ ဖုံးအုပ်ခြင်း၊ ရေစီးရေလာကောင်းစေရန် မြောင်းများဆယ်ယူခြင်း၊ ရေအိုင်များမှ ရေဖောက်ထုတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ပုဒ်အတိုင်းဆောင်ရွက်ရန် လိုအပ်သည်။


သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှကာကွယ်ရန် အရေးကြီး ဆုံးသောအချက်မှာ မိမိတို့သားသမီးများ ခြင်အကိုက်မခံရအောင် အထူးသတိပြုကာကွယ်ခြင်းပင်ဖြစ်သည်။ နေ့ခင်းအိပ်စက်သည့် အခါ ခြင်ထောင်ဖြင့် အိပ်စက်ခြင်း၊ ဘောင်းဘီရှည်၊ အင်္ကျီလက် ရှည်ဝတ်ဆင်ရန်လိုအပ်သည်။ သွေးလွန်တုပ်ကွေးဖြစ်ပွားပါက အမြန်ဆုံးဆေးရုံသို့ သွားရောက်ကုသရန် အရေးကြီးပေသည်။ ရောဂါကိုသွေးဖောက်၍ ပီစီဘီစက်ဖြင့် အဖြေရှာကုသပေးလျက် ရှိသည်။ 


သွေးလွန်တုပ်ကွေးရောဂါသည် အသက် ၁၀ နှစ်အောက် ကလေးများ အဖြစ်များလေ့ရှိကြောင်း သိရပေသည်။ ယခုကဲ့သို့ ရာသီတွင် ခြင်ပေါက်ဖွားနှုန်း  အားကောင်းခြင်းကြောင့် ရောဂါ ဖြစ် ပွားနှုန်းအဖြစ်များတတ်ပေသည်။ သွေးလွန်တုပ်ကွေးရောဂါ၏ အဓိကဖြစ်သော ပိုးလောက်လမ်းနှိမ်နင်းရေးကို တစ်ဦးချင်း ကျန်းမာရေးအသိဖြင့် ဝိုင်းဝန်းဆောင်ရွက်စေချင်ကြောင်း ။    ။






အခြားဆက်စပ်သတင်းများ