နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး စိမ်းလန်းသာယာ သန့်ရှင်းလှပရေးလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန် စက်တင်ဘာ ၁၇


ရန်ကုန်တိုင်း ဒေသကြီး စိမ်းလန်းသာယာသန့်ရှင်းလှပ ရေးလုပ်ငန်းကော်မတီ(၄/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့မွန်းတည့် ၁၂ နာရီက ရန်ကုန်မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေး ခန်းမ (၄) ၌ ကျင်းပသည်။


အစည်းအဝေးသို့စိမ်းလန်း သာယာ သန့်ရှင်းလှပရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန် မြို့တော်စည်ပင်သာ ယာရေး  ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ သက်ဆိုင်ရာ ဌာနမှူးများ၊ ရန်ကုန်တိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကြည်တင်၊ သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။


ရှေးဦးစွာ စိမ်းလန်းသာယာ သန့်ရှင်းလှပရေး လုပ်ငန်းကော် မတီ ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယ မြို့တော် ဝန်  ဦးညီညီက ရန်ကုန်တိုင်း ဒေသကြီးအတွင်းနှင့် မြို့တော် အတွင်း ရထားလမ်း၊ခုံးကျော် တံတားများ သာယာလှပရေး၊ လမ်းဘေး ဝဲ၊ ယာ ဓာတ်မီးတိုင် များ၊ ဆယ်သွယ်ရေးတိုင်များ သပ်ရပ်လှပရေး၊ ဆိပ်ကမ်းသာ ယာလှပရေး စသည့် သန့်ရှင်း သာယာ သပ်ရပ်ရေးလုပ်ငန်း များ ဆောင်ရွက်လျက် ရှိသော် လည်း မြေပြင် အခက်အခဲများ ရှိနေသေးသည့်အတွက် ယခင် ကထက် ပိုမို၍ အားထုတ်ကြိုးစား ဆောင်ရွက်ရန် ပြောကြားသည်။


ရန်ကုန်တိုင်း ဒေသကြီး စိမ်းလန်းသာယာသန့်ရှင်းလှပ ရေးလုပ်ငန်း ကော်မတီတွင် လုပ်ငန်းကဏ္ဍအလိုက်ဆောင် ရွက်နိုင်ရန်အတွက် ရန်ကုန်မြို့ တွင်း သန့်ရှင်းလှပရေး ဆပ် ကော်မတီ၊ မြို့တော်တွင်းပန်းခြံ များ၊ ကစားကွင်းများ၊ လမ်း ဘေး ဝဲ၊ ယာ သာယာလှပရေး ဆပ်ကော်မတီ၊ မြို့တွင်းလမ်း များ၊ တံတားများ ကောင်းမွန် ရေး ဆပ်ကော်မတီ၊ ရန်ကုန်မြို့ တွင်း ရေပေးဝေရေးနှင့် လှော် ကားကန်၊ သစ်တောထိန်းသိမ်း ရေး ဆပ်ကော်မတီ၊ ရန်ကုန် မြို့တွင်း ရေစီးရေလာ ကောင်း မွန်ရေး ဆပ်ကော်မတီ၊ ရန်ကုန် မြို့တွင်း အဆောက်အအုံများ သန့်ရှင်းလှပရေး ဆပ်ကော် မတီ၊ ရန်ကုန်မြို့တော် စည်ပင် ပြင်ပမြို့နယ်များ သာယာလှပ ရေး ဆပ်ကော်မတီ၊ ရန်ကုန် တိုင်းအတွင်း စိုက်ပျိုး စိုက်ခင်း များ စိမ်းလန်းဖွံ့ဖြိုးရေး ဆပ်ကော်မတီ၊ ရန်ကုန် မြို့တော်စည်ပင် ပြင်ပမြို့နယ် ချင်းဆက် လမ်းတံတားများ ကောင်းမွန်ရေး ဆပ်ကော်မတီ၊ ရန်ကုန်တိုင်းအတွင်း ကျေးရွာ များ ဖွံ့ဖြိုးရေးနှင့် သောက်သုံး ရေ ရရှိရေး ဆပ်ကော်မတီ၊ ရန်ကုန်တိုင်းအတွင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆပ်ကော်မတီ၊ ရန်ကုန်တိုင်း အတွင်း သစ်တောကြိုးဝိုင်းနှင့် မြို့ပြင် သစ်တောများထိန်းသိမ်း တိုးချဲ့ရေး ဆပ်ကော်မတီ၊ ရန်ကုန်မြို့တော်အတွင်း ရထား လမ်း၊ ခုံးတံတားများသာယာ လှပရေး ဆပ်ကော်မတီ၊ လမ်းဘေး ဝဲ၊ ယာ ဓာတ်မီးတိုင် များ၊ ဆယ်သွယ်ရေးတိုင်များ သပ်ရပ်လှပရေး ဆပ်ကော်မတီ နှင့် ရန်ကုန်မြို့တော် ဆိပ်ကမ်း သာယာရေး ဆပ်ကော်မတီ စသည့် ဆပ်ကော်မတီ ၁၅ ခုကို ဖွဲ့စည်း၍ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ 


ထို့နောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေ နှင့်ဆပ်ကော်မတီများမှတင်ပြ ချက်များအပေါ် လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌကလိုအပ်သည် များ မှာကြားဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။ 

သတင်း-သွင်မောင်မောင် 

ဓာတ်ပုံ-ကျော်သူထက်






အခြားဆက်စပ်သတင်းများ