နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့တော် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းကောင်းမွန်စေရေး ပြုပြင်တည်ဆောက်မှုများ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ကွင်းဆင်းစစ်ဆေး

ရန်ကုန် စက်တင်ဘာ ၁၇


ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းက လှိုင်မြို့ နယ်၊ သီရိမင်္ဂလာဈေး ပတ်ဝန်း ကျင် ယာဉ်ကျပ်တည်းမှု လျော့ပါးစေရေးအတွက် လမ်း တိုးချဲ့ရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးဆောင်ရွက် နေမှုများ၊ အဓိကလမ်းမကြီးများ တွင် လမ်းတိုးချဲ့၍ လူသွားစင်္ကြံ၊ စက်ဘီးလမ်း၊ မြေယာရှုခင်းများ ပြုပြင်ဆောင်ရွက်ရန် လိုအပ် ချက်များကို ကွင်းဆင်း စစ်ဆေး ကာ လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေး သည်။


ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၇ နာရီခွဲတွင် လှိုင်မြို့နယ်၊ ၅ ရပ်ကွက်နှင့် ၁၄ ရပ်ကွက်ကြား၊ ဘုရင့်နောင် လမ်းမပေါ်ရှိ အရှည် ၆၁၇၅ ပေ ပိတောက်ချောင်း ရေစီး ရေလာ ကောင်းမွန်စေရန် ချောင်းအတွင်း အမှိုက်များ၊ မြောင်းချေးများ ဆယ်ယူ ရှင်းလင်းနေမှု၊ ချောင်းဘေး ကမ်းစပ် အလေ့ကျ ပေါက်ရောက် နေသော မြက်များ၊ အမှိုက်များ ရှင်းလင်းနေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး ပိတောက်ချောင်း ရေထိန်းတံခါးထိ ရေစီးရေလာ ကောင်းမွန်စေရေး ရှင်းလင်းရန်၊ ပိတောက်ချောင်း တံတားပေါ် လမ်းသားနှင့် လူသွားစင်္ကြံ ပျက်စီးနေမှုများ ပြုပြင်ရန် တို့ကို မှာကြားသည်။ 


ပိတောက်ချောင်းသည် လှိုင် မြို့နယ် ၁၃ ရပ်ကွက် မှ စတင် စီးဆင်းပြီး ၅ ရပ်ကွက်၊ ၁၄ ရပ်ကွက်များ အတွင်း ဖြတ်သန်း ကာ ပိတောက်ချောင်းရေထိန်း တံခါးမှ တစ်ဆင့် လှိုင်မြစ်အတွင်း စီးဝင်လျက်ရှိရာ ချောင်းကို ရေ လက်ခံနိုင်အား ကောင်းအောင် တူးချဲ့ ရှင်းလင်းပေးခြင်း၊ ပိတောက်ချောင်းအတွင်း စီးဝင် သည့် ရပ်ကွက်မြောင်းများ ရေစီးရေလာ ကောင်းအောင် ရှင်းလင်းပေးခြင်းဖြင့် မြို့နယ် အတွင်း ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်မည် ဖြစ်သည့် အပြင် ချောင်းအောက်ပိုင်းရှိ လူယာဉ်ကျပ်တည်းသည့်ဘုရင့် နောင်လမ်းမကြီး၊ အဓိက လက်ကား ဈေးကြီးများဖြစ် သည့် သီရိမင်္ဂလာ ကုန်စိမ်းဈေး၊ ရွှေပိတောက် ငါးဈေးနေရာ များ ရေကြီးရေလျှံမှုမှကာကွယ် ပေးပြီး ယာဉ်ကျပ်တည်းမှုကို လည်း လျော့ပါးစေမည် ဖြစ် ကြောင်း သိရသည်။


ထိုမှတစ်ဆင့် မြို့တော်ဝန် နှင့်အဖွဲ့သည် ပိတောက်ချောင်း တံတားမှ ဘုရင့်နောင်လမ်း အတိုင်း ဘုရင့်နောင်လမ်း ဝဲ/ယာ၊ ယင်းမှ ဘုရင့်နောင် လမ်းနှင့် ဗဟိုလမ်းအကြား ပါရမီလမ်း ဝဲ/ယာ လိုက်လံ ကြည့်ရှု စစ်ဆေးပြီး ယာဉ် စည်းကမ်း လမ်းစည်းကမ်း ကောင်းမွန်စေရေး၊ လက်ကား ဈေးကြီးများနေရာ ယာဉ်ကျပ် တည်းမှု လျော့ပါးစေရေး အတွက် အပင်ကြီးများချန်၍ မြောင်းအထိ တိုးချဲ့ခင်းကျင်း ရန်၊ တိုးချဲ့သည့်နေရာတွင် အများပြည်သူသွားလာမှုအဆင် ပြေစေရေးအတွက်ယာဉ်ရပ်နား ရန်နေရာ၊ လူသွားစင်္ကြံ၊ စက်ဘီး လမ်းများ တည်ဆောက်ရန်၊ မြောင်းများကို စက်ယန္တရား အသုံးပြု ရှင်းလင်းသွားရန်တို့ ကို မှာကြားသည်။


ယင်းနောက် မြို့တော်ဝန် နှင့် အဖွဲ့သည် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ တာဝန်ယူ ဆောင်ရွက်နေသော လှိုင်မြို့ နယ်၊ ဘုရင့်နောင်လမ်းမကြီး ပေါ်ရှိ အုတ်ကျင်း ဂုန်နီစက်ရုံမှ သီရိမင်္ဂလာ ပိတောက်ချောင်း အထိ အရှည် ၂၆၇၅ ပေ၊ အကျယ် ၈ ပေ၊ ထု ၆ လက်မ ရှိ ကွန်ကရစ် လူသွားစင်္ကြံနှင့် စက်ဘီးလမ်း ပြုလုပ်နေမှုနှင့် ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနမှ စင်္ကြံနှင့် ဘုရင့်နောင် လမ်းမကြီးကြား အကျယ် ၁၆ ပေရှိ မြေဧရိယာ၌ ပန်းပင်နှင့် မြက်ပင်များ စိုက်ပျိုးနေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ 


အဆိုပါ လူသွားစင်္ကြံနှင့် စက်ဘီးလမ်း ပြီးစီးပါကစက်ဘီး စီးသူများ၊ အပန်းဖြေရန်လာ ရောက်သူများနှင့် ကျန်းမာရေး လေ့ကျင့်ခန်း ပြုလုပ်သူများ အတွက် ယာဉ်အန္တရာယ် ကင်း ရှင်းစွာဖြင့် လွယ်ကူအဆင်ပြေ စေမည်ဖြစ်ကြောင်း သိရသည်။


ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၉ နာရီတွင် စမ်းချောင်းမြို့နယ်၊ ဟံသာဝတီအဝိုင်းအနီး ယာဉ် ထိန်း တပ်ဖွဲ့ခွဲသို့သွားရောက် ပြီး ရုံးဝင်းအတွင်း ယာဉ်ရပ်နား ကွင်း ခင်းကျင်းရန်နှင့်ပတ်ဝန်း ကျင် သန့်ရှင်းသပ်ရပ်စေရေး ဆောင်ရွက်ရန် လိုအပ်ချက်များ ကို      ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးပြီး ဦးဝိစာရလမ်း တစ်လျှောက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကောင်းမွန်စေ ရေးနှင့် ပြည်သူအများသွားလာ မှု အဆင်ပြေစေရေးအတွက် ယာဉ်ရပ်နားရန် နေရာများ စီစဉ်ထားရှိမှုနှင့် သန့်ရှင်း သပ်ရပ်စေရေး ဆောင်ရွက် ထားရှိမှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း-သွင်မောင်မောင်

ဓာတ်ပုံ-ကျော်သူထက်






အခြားဆက်စပ်သတင်းများ