နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂန္ဓမာလမ်း အခွန်လွတ်ဈေးအနီး ပေါက်ကွဲ

ရန်ကုန် စက်တင်ဘာ ၁၇


မရမ်းကုန်းမြို့နယ်၊ ၈ ရပ် ကွက်၊ ဂန္ဓမာလမ်း၊ အခွန်လွတ် ဈေးအနီးတွင် ယနေ့ နံနက် ၈ နာရီ ၂၅ မိနစ်အချိန်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားသည်။


ပေါက်ကွဲမှုဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွား ရောက်စစ်ဆေးရာ လူငယ် တစ်ဦး (စိစစ်ဆဲ)မှ အခွန်လွတ် ဈေးအနီးရှိ စတားလိုက် လက်ဖက်ရည်ဆိုင်ရှေ့ရှိ စားပွဲခုံ တွင် စတီးချိုင့်ထည့်ထားသော လက်ကိုင်ခြင်း ထားရှိခဲ့ရာမှ    ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ၊ ပစ္စည်းထိခိုက်မှုမရှိကြောင်း၊ ပေါက်ကွဲသည့်နေရာမှ စတီး ချိုင့်အပိုင်းအစများ၊ ဘောစေ့ များ၊ ဓာတ်ခဲအပိုင်းအစများ၊ လက်သုတ်ပဝါ အပိုင်းအစများ တွေ့ရှိခဲ့ကြောင်း သိရသည်။


ယင်းလက်ဖက်ရည်ဆိုင်နှင့် ဝန်းကျင်နေရာသည် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ ဝင်များ ရပ်ကင်းစောင့်လေ့ရှိ သည့် ဆိုင်ဖြစ်ကြောင်း သိရ သည်။ ထိုသို့ အကြမ်းဖက် ဖောက်ခွဲသူကို ဖော်ထုတ် ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။                 

  ဟေမာန်






အခြားဆက်စပ်သတင်းများ