နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်မြစိမ်းရောင် ကျေးလက်စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုများ

ဆင်ပေါင်ဝဲ စက်တင်ဘာ ၁၇


မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကိုဗစ်-၁၉ ကာလအတွင်း ကျေး လက်နေပြည်သူများ၏ ဝင်ငွေလျော့ နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင် စေရန် ရည်ရွယ်၍ မြစိမ်းရောင်စီ မံကိန်းဝင်ကျေးရွာဖြစ်သည့် သားပိုး ကျေးရွာအား စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဆဌမအကြိမ် ထုတ်ချေးပေးအပ်ခြင်း အခမ်းအနား ကို စက်တင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ ထုတ်ချေးပေးရာတွင် ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့ နယ်ဦးစီးမှူး ဦးဇော်မင်းဦးနှင့် စီမံ ကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးလက်နေပြည်သူများ၏ ဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် နှင့် လူမှုစီးပွားဘဝများဖွံ့ဖြိုး လာစေရန်ရည်ရွယ်၍ မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေး ခြင်းဖြစ်ကြောင်း ပြောကြားပြီး ကျေးရွာကော်မတီဝင်များအား ကျန်း မာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ရောဂါ ကြို တင်ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ရန်ပုံငွေများ စနစ်တစ်ကျ လွှဲပြောင်းပေးအပ် ကြသည်။


ထို့နောက် မြစိမ်းရောင် ကျေးရွာ စီမံကိန်း ဆဌမအကြိမ်အဖြစ် ဆင် ပေါင်ဝဲမြို့နယ် သားပိုးကျေးရွာရှိစိုက် ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ် လုပ်ငန်းများ လုပ်ကိုင်သူ အသင်း သား ၁၉၀ ဦးအား အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၄၇၆ ဒသမ ၅ သိန်းကို ကျေးရွာမြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များက နေ့ချင်းပြီးထုတ် ချေးဆောင်ရွက်ပေးခဲ့ကြောင်း ဆင် ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးက ပြောသည်။

သန်းလွင်(မကွေး)






အခြားဆက်စပ်သတင်းများ