နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကော့မှူးတွင် ဈေးကားဖြင့်စားသောက်ကုန်များ ပဉ္စမအကြိမ်လာရောက်ရောင်းချ

ကော့မှူး စက်တင်ဘာ ၁၇


ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်း ချုပ်ရေးကာလအတွင်း ပြည်သူများ အမှန်တကယ်လိုအပ်သော   အခြေခံ စားသောက်ကုန်များအား မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် Mobile Market ကားဖြင့် စက်တင်ဘာ ၁၆ ရက် နံနက်က ရန်ကုန် တောင်ပိုင်းခရိုင် ကော့မှူး မြို့နယ်မြို့ သစ်ရပ်ကွက်တွင် လာရောက်ရောင်းချ ပေးနေကြောင်း သိရသည်။


အဆိုပါဈေးကားဖြင့် လာရောက် ရောင်းချသူများနှင့် ဈေးဝယ်လာ ပြည်သူ များအား ကျန်းမာရေး စည်းကမ်းချက် များနှင့်အညီ ရောင်းချဝယ်ယူနိုင်ရေး နှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အတွက်  မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ များက ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရသည်။


ကော့မှူးမြို့နယ်အတွင်းရှိ ပြည်သူ များကိုဗစ်-၁၉ကာလအတွင်းအမှန် တကယ်လိုအပ်‌သော  အခြေခံစား သောက်ကုန်များ ဈေးနှုန်းသက်သာ စွာ ဝယ်ယူစားသောက် နိုင်‌ရေးအတွက် ဧည့်မထတစ်ပြည်လျှင်ငွေကျပ် တစ်ထောင်နှုန်းဖြင့် ဆန်ငါးပြည် တစ်အိတ် ကိုငွေကျပ် ၅၀၀၀ ကျပ်၊ ပေါ်ဆန်းတစ်ပြည်လျှင်    ငွေကျပ် ၁၇၀၀ နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ် ကို ၈၅၀၀ ကျပ်၊ ဆီငါးဆယ်သား တစ်ဘူးကို ငွေကျပ် ၁၈၅၀ ကျပ် ကြက်ဥ ဆယ်လုံးတစ်ကတ်လျှင် ၁၂၀၀ကျပ်နှုန်း ဖြင့်ဒေသခံပြည်သူများ အဆင်ပြေစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် တစ် ပတ်လျှင်တစ်ကြိမ် လာရောက်ရောင်းချ ပေး‌နေကြောင်း သိရသည်။

ကျော်သူရ ကော့မှူး






အခြားဆက်စပ်သတင်းများ