နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အုန်းပင်စုရပ်ကွက်ရှိအရောင်းဆိုင်များမှအလုပ်သမားများကို ပထမအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် အသိပေးကြေညာ

တွံတေး စက်တင်ဘာ ၁၇


ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့ နယ်အတွင်းကိုဗစ်-၁၉ရောဂါကူးစက် ပျံ့နှံ့မှုမဖြစ်ပွားစေရေးနှင့်   တားဆီး ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ အုန်းပင်စုရပ်ကွက်အတွင်းရှိ   စက်မှု ဇုန်ပြင်ပ ပုဂ္ဂလိက အရောင်းဆိုင် များမှ အလုပ်သမားများကို ပထမ အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံကြရန်  စက်တင်ဘာ ၁၆ ရက် နံနက် ၉ နာရီက အုန်းပင်စုရပ် ကွက်အတွင်း အသံချဲစက်ဖြင့် အသိပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် အုန်းပင် စု ရပ်ကွက်အတွင်းရှိ စက်သုံးဆီဆိုင် များ၊ငါးဒိုင်များ၊ဆန်ဆိုင်များ၊ ရွှေဆိုင်၊ ထမင်းဆိုင်၊ မိုဘိုင်လ်ဖုန်းဆိုင်၊ ကွမ်းယာ ဆိုင်၊တည်ခိုခန်း၊ကုန်စိမ်း၊ ကုန်ခြောက် ဆိုင်၊နိဗ္ဗာန်းကုန်ဆိုင်၊ဆေးဆိုင်၊ စက် ပစ္စည်းအရောင်းဆိုင်၊ စားသောက်ဆိုင်၊ စတိုးဆိုင်၊အထည်ချုပ်၊အနှေးယာဉ် ဂိတ်များ၊ စက်မှု၊ လက်မှုအလုပ်ရုံများ မှအသက် ၁၈ နှစ်မှ အသက် ၆၅ နှစ် အတွင်းရှိ   လုပ်သားများ၊ အရောင်း ဝန်ထမ်းများအား ပထမအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်းကို စက်တင်ဘာ ၁၇ ရက် နံနက်၉နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ လာရောက် ထိုးနှံကြရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများကရပ်ကွက်အတွင်း အသိပေးနိူးဆော်လျက်ရှိကြောင်း သိရ သည်။                      မျိုးလှိုင် (တွံတေး)






အခြားဆက်စပ်သတင်းများ