နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများကိုကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရန်ကုန် စက်တင်ဘာ ၁၇


ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ရန်ကုန် မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာ ၁၅ ရက်  နံနက်ပိုင်းက တူးချောင်းကျေးရွာအုပ်စုရှိ မင်းသားလေးစက်ရုံတွင် ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ (၇) ရုံ တို့မှ အလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ထန်းတပင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမား များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်း များက ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးကို ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။


ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇင်နှင့် ကျန်းမာရေး ဝန်ထမ်းများက Star World စက်ရုံမှ အလုပ်သမား ၁၄၂ ဦး၊ မင်းသား လေးစက်ရုံမှ အလုပ်သမား  ၂၆၀ ဦး၊ Glory Home စက်က်ရုံမှ အလုပ်သမား ၂၇ ဦး၊ Thamadi Family စက်ရုံမှ အလုပ်သမား ၂၃  ဦး Beauty World Co.,Ltd မှအလုပ်သမား(၄၀ )ဦး၊ Yu Sheng Printing Co.,Ltd မှအလုပ် သမား ၁၇  ဦးနှင့် Bondsin Metal (Myanmar) Co.,Ltdမှအလုပ်သမားငါးဦး စုစုပေါင်းစက်ရုံခုနစ်ရုံ တို့မှ အလုပ်သမား   ၅၁၄ ဦးတို့ကို ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)






အခြားဆက်စပ်သတင်းများ