နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒလမြို့နယ် အသက် ၅၅ နှစ် မှ ၆၄ နှစ်အတွင်းရှိ ပြည်သူ ၁၄၁၇၀ ဦး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ရန်ကုန် စက်တင်ဘာ ၁၇


ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ် စေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက်  သတ်မှတ်ထားသော ဦးတည်အုပ်စုများအား  ဦးစားပေး အစီအစဉ်အလိုက် ကာကွယ်ဆေး ထိုးနှံ ခြင်း လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ  ယခုအခါ  အသက် ၅၅ နှစ်မှ ၆၄ နှစ်အတွင်းရှိ ပြည်သူ ၁၄၁၇၀ ဦး အား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၆ ရက် နံနက် ၉ နာရီတွင် စတင်၍ တပင်ရွှေထီးရပ်ကွက်ရှိ အထက(၄)ကျောင်း၊  မြို့နယ်ပြည်သူဆေးရုံ၊ ပျော်ဘွယ်ကြီး   တိုက်နယ်ဆေးရုံ၊ ရခိုင်ချောင်   တိုက်နယ်ဆေးရုံနှင့် ဓနုတ်စံပြကျေးရွာ ကျေးလက် ကျန်းမာ ရေးဌာန စသည့်  စုရပ်ငါးနေရာတို့တွင် စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရ သည်။


ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို မြို့ပေါ် ရပ်ကွက် ၂၄ ရပ်ကွက်ရှိ ပြည်သူ များအား မြို့နယ်ပြည်သူ့ဆေးရုံနှင့် အထက(၄)ကျောင်းတို့၌ ဆေးထိုး အုပ်စု နှစ်စုခွဲ၍  ထိုးနှံပေးလျက်ရှိပြီး၊ ကျေးရွာ အုပ်စု ၂၃ အုပ်စု၊ ကျေးရွာပေါင်း ၅၄ ရွာရှိ ကျေးရွာနေပြည်သူများအား ပျော်ဘွယ် ကြီးတိုက်နယ်ဆေးရုံ၊ ရခိုင်ချောင်တိုက် နယ်ဆေးရုံနှင့် ဓနုတ်စံပြကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာန စသည့် ဆေးထိုးအုပ်စုသုံးစုခွဲ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ တိုက်နယ် ဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများ၊ နယ်မြေခံဒလတပ်နယ်ရှိ  တပ်များမှ ဆေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းပူပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။


ဒလမြို့နယ်အတွင်း၌ အသက် ၅၅ နှစ်မှ ၆၄ နှစ်အတွင်း ဒေသခံပြည်သူ စုစုပေါင်း ၁၄၁၇၀ ဦးရှိကြောင်း၊ အဆိုပါ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း  မကျန် ရှိစေရေးအတွက် ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း၊  ဆက်လက်၍ အသက်အုပ်စုအလိုက်  သတ်မှတ်ပြီး ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ် ကြောင်း၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူကျော် ထံမှ သိရသည်။ သတင်းနှင့်ဓာတ်ပုံ-

နိုင်လင်းကျော်(IPRD)






အခြားဆက်စပ်သတင်းများ