နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ASEAN Business Awards 2021 ဝင်ရောက်ယှဉ်ပြိုင်ရန် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ဖိတ်ခေါ်

ရန်ကုန်  စက်တင်ဘာ   ၁၇


မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ်မှ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် ASEAN Business Awards 2021 ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။ အာဆီယံနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များသာ ဝင်ရောက်ယှဉ်ပြိုင် နိုင်သည့် အာဆီယံဒေသတွင်း စီးပွားရေးဆိုင်ရာအမြင့်ဆုံး ဆုဖြစ် သော ASEAN Business Awards 2021 (ABA)ကို ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထားသည်။ 


နယ်ပယ်အသီးသီးတွင် ထူးချွန်အောင်မြင်စွာ လုပ်ကိုင်နိုင်သူများ၊ စွန့်ဦးတီထွင်လုပ်ကိုင်နိုင်သူများ၊ လုပ်ငန်းရေရှည်တည်တံ့စွာ စွမ်းဆောင် နိုင်သူများကို အသိအမှတ်ပြုသောအားဖြင့် ပေးအပ်မည်ဖြစ်ပြီး ယခု ကဲ့သို့လုပ်ဆောင်ရခြင်းမှာ  အာဆီယံစီးပွားရေးလုပ်ငန်းများသည် ကမ္ဘာ့စီးပွားရေးအတွက် အရေးပါသည့်ကဏ္ဍမှ ပါဝင်နေကြောင်းကို သိရှိစေရန်နှင့်  ထူးချွန်သည့်လုပ်ငန်းရှင်များကို စံနမူနာယူနိုင်စေရန် ဖြစ်ကြောင်း သိရသည်။ 


ASEAN Business Awards 2021 (ABA) ကို လျှောက်ထားလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်အထိ လျှောက်ထားနိုင်မည်ဖြစ်သည်။ အကြောင်းအရာ အသေးစိတ်သိလိုပါက ABA 2021 About : https://www. asean bacbrunei. com. bn /aba/ about သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး လျှောက်ထားရမည့် Application Form ကို တောင်းယူနိုင်မည်ဖြစ် ကြောင်း သိရသည်။                                                       မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ