နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အခြေခံစားသောက်ကုန်များ လှည့်လည်ရောင်းချ

ရန်ကုန်  စက်တင်ဘာ   ၁၇


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေးရည်ရွယ်၍ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တို့၏ဦးဆောင်မှုဖြင့် တွံတေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ တွံတေးမြို့နယ်တွင် စက်တင်ဘာ ၁၅ ရက် နံနက် ၉ နာရီက စျေးသစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ မြို့မစည်ပင်သာယာစျေးရှေ့၊ အိုးဖိုအရှေ့ ရွှေညောင်ပင်လမ်းဆုံနှင့် ကျောက်တိုင်မီးပွိုင့် လမ်းဆုံ တို့တွင် ဆန်၊ ဆီသယ်ယူပို့ဆောင်ရေးနှင့် ရောင်းချရေးယာဉ်များဖြင့် မြို့နယ်နေပြည်သူများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်နှင့်ဆီ၊ ကြက်ဥများကို ဈေးနှုန်းသင့်တင့်စွာ လာရောက်ရောင်းချ ပေးခဲ့ကြောင်း သိရသည်။ 


ယင်းသို့ရောင်းချပေးရာတွင် ပြည်သူများ ဈေးနှုန်းသင့်တင့်စွာ ဝယ်ယူနိုင်ရေးအတွက် ဆန်ကြမ်းတစ်ပြည် ၁၀၀၀ ကျပ်နှုန်းဖြင့် ငါး ပြည် အိတ်တစ်အိတ်ကို ၅၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပေါ်ဆန်း တစ်ပြည်   ၁၇၀၀ ကျပ်နှုန်းဖြင့် ငါးပြည်အိတ်တစ်အိတ်ကို ၈၅၀၀ ကျပ် နှုန်းဖြင့်လည်းကောင်း၊ ဆီ ၆၀ သားတစ်ဘူး ၁၈၅၀ ကျပ်ဖြင့်လည်း ကောင်း၊ ကြက်ဥ ၁၀ လုံး တစ်ကတ် ၁၂၀၀ ကျပ်ဖြင့် ရွေ့လျားစျေးကား Mobile Market ဖြင့် ပြည်သူများကိုရောင်းချပေးခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးကျော်မြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

မျိုးလှိုင် (တွံတေး)






အခြားဆက်စပ်သတင်းများ