နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တီဘီရောဂါ စနစ်တကျကုသရန် လိုအပ်

တီဘီရောဂါသည်  လေထဲမှတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်သော တီဘီပိုးကြောင့်ဖြစ်စေသော      ကူးစက်ရောဂါတစ်မျိုးဖြစ်၏။ ရောဂါရှိသော လူနာမှ ချောင်းဆိုး၊ နှာချေ၊ စကားပြောသောအခါ လေထဲမှတစ်ဆင့် နောက်တစ်ဦးသို့ ကူးစက်နိုင်၏။


အဆုတ်တီဘီဆိုသည်မှာ တစ်ရှူးများကို တိုက်ခိုက်ဖျက်ဆီး တတ်သော   ဘက်တီးရီးယားပိုးကူးစက်မှု   တစ်မျိုးဖြစ်သည်။ ထိုဘက်တီးရီးယားကို MTB ဟုခေါ်ပြီး လေထဲမှတစ်ဆင့် ကူးစက် ပျံ့နှံ့သည်။   လူအများအပြားသည် ငုပ်နေသော အဆုတ်တီဘီ ရောဂါကို ခံစားရသည်။ လူနာ၏ ကျန်းမာရေးအပေါ် မူတည်၍ အချိန်အတိုင်းအတာတစ်ခု  (သီတင်းပတ်အနည်းငယ်မှ    နှစ် အတန်ကြာ) ကြာပြီးနောက် တီဘီရောဂါပိုးသည် ရောဂါလက္ခဏာ များကို စတင်ဖြစ်ပွားစေသည်။


တီဘီရောဂါလက္ခဏာများမှာ နှစ်ပတ်ထက်ပိုပြီး ချောင်းဆိုး ခြင်း၊ ချောင်းဆိုးသောအခါ သွေးပါခြင်း၊ သလိပ်ပါခြင်း၊ အစား အသောက်ပျက်ခြင်း၊ တဖြည်းဖြည်းပိန်လာခြင်း၊ တငွေ့ငွေ့ဖျား ခြင်း၊ ညဘက်ချွေးထွက်များခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မောပန်း လွယ်ခြင်းတို့ဖြစ်ကြောင်း သိရသည်။


အထူးသဖြင့် လူနာသည် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ ကင်ဆာ သို့မဟုတ် ကင်ဆာဆေးကုထုံး ခံယူနေခြင်း၊ စသော ကိုယ်ခံအားနည်းစေသော အကြောင်းရင်းများရှိပါက တီဘီရောဂါ သည် ပို၍လျင်မြန်စွာ ဖြစ်ပွားပါသည်။ ရောဂါသည် အဆုတ်ကို ထိခိုက်နေပြီး အရိုး၊ ပြန်ရည်ကျိတ်၊ ပင်မအာရုံကြောအဖွဲ့အစည်း၊ နှလုံးနှင့် အခြားအင်္ဂါများသို့ ပျံ့နှံ့နိုင်သည်။


ကမ္ဘာပေါ်တွင်  တီဘီရောဂါကြောင့် တစ်မိနစ်ကို လူသုံးဦး သေဆုံးလျက်ရှိနေသည်။ တီဘီရောဂါသည် လူနာများသောနေရာ တွင်  နေထိုင်ခြင်းနှင့်  အလုပ်လုပ်ခြင်း၊   ဥပမာ ဆေးခန်းများ၊ ဒုက္ခသည်စခန်းများ၊ ကျန်းမာရေးအခြေအနေ ချို့တဲ့သောနေရာ များတွင် နေထိုင်သူများ၊ အရက် (သို့မဟုတ်) မူးယစ်ဆေးသုံးခြင်း တို့တွင် ကူးစက်မှုနှုန်းမြင့်မားသည်။


အဆုတ်တီဘီရောဂါကို လွယ်ကူစွာ ကုသနိုင်သည်။ ဆေး ၆ လ သို့မဟုတ် ပိုကြာစွာသောက်ခြင်း ပြုလုပ်ရမည်။ ကုသမှုတွင် ပဋိဇီဝဆေး  နေ့စဉ် ၃-၄ ကြိမ် သောက်ရန်ပါဝင်သည်။ တီဘီ ဆေးများကို နေ့စဉ်အချိန်မှန်မှန် နံနက်စောစောတွင် တစ်ကြိမ် အစာနှင့်ခြား၍ သောက်သုံးရမည်။ ဆရာဝန်မိသားစုဝင်တစ်ဦးဦး ၏ တိုက်ရိုက်စောင့်ကြပ်ကြည့်ရှုမှုအောက်တွင် သောက်ရပါမည်။


တီဘီရောဂါပိုးသည်       အသက်အလွန်ပြင်းသည့်အတွက် တီဘီပိုးရှင်းသည်အထိ ခြောက်လမှ ရှစ်လကြာ မပျက်မကွက် နေ့စဉ်အချိန်မှန်မှန် ဆေးသောက်ရန် လိုအပ်သည်။ တီဘီဆေး သောက်သုံးနေစဉ်အတွင်း      သာမန်ဘေးထွက်ဆိုးကျိုးအချို့ ဖြစ်ပေါ်တတ်သဖြင့်    ကျန်းမာရေးဝန်ထမ်းများနှင့်     ပြသ၍ စောင့်ရှောက်မှုကို ခံယူသင့်သည်။ ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်အတိုင်း  လိုက်နာသောက်သုံးခြင်းဖြင့် သက်သာ ပျောက်ကင်းလာနိုင်ပြီဖြစ်ရာ ဝေဒနာရှင်များဘက်မှ စနစ်တကျ သောက်သုံးစေချင်ကြောင်း ။          ။






အခြားဆက်စပ်သတင်းများ