နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြဝတီမြို့ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

မြဝတီ စက်တင်ဘာ ၁၇


နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို အစဉ်တစ်စိုက် ကြိုး ပမ်းဆောင်ရွက်လျက်ရှိရာ မြန်မာ-ထိုင်း နယ်စပ်မြဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထား ခြင်း မရှိပြည်သူများကို ဒုတိယအသုတ် ပထမအကြိမ် ကာကွယ် ဆေးထိုးနှံရေး စက်တင်ဘာ ၁၆ ရက် နံနက် ၉ နာရီက ထိုးနှံပေးခဲ့သည်။


ထို့သို့ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးရာတွင် ဒုတိယအသုတ် ပထမအကြိမ်အဖြစ် မြဝတီမြို့နယ် အတွင်းရှိအသက်၅၅နှစ်မှ၆၄နှစ်အုပ်စုအတွင်းရှိသူများ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများကို မြဝတီခရိုင်ကျန်းမာ ရေးဝန်ထမ်းများက စက်တင်ဘာ ၁၆ ရက်မှစတင်၍ စုရပ် ၇ နေရာတွင် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီ အထိ တစ်နေ့လျှင် စုစုပေါင်း ၂၃၀၀ ဦး ခန့်ထိုးနှံပေးသွားမည်ဖြစ်သည်။


အဆိုပါ ပြည်သူများကာကွယ် ဆေးထိုးနှံပေးနေမှုများကို သင်္ဃန်း ညီနောင်ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းနေလွင်၊ မြဝတီခရိုင်ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ မြဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်လွင်နှင့်အဖွဲ့ဝင်များကလိုက်လံ ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များကိုဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ ကြောင်းသိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ