နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြံခင်းမြို့အသက် ၅၅ နှစ်မှ ၆၅ နှစ် ရဟန်း၊ သံဃာ၊ ပြည်သူများကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမ) အကြိမ် စတင်ထိုးနှံပေး

ကြံခင်း စက်တင်ဘာ ၁၇


ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်တွင်အသက် ၆၄ နှစ်မှ ၅၅ နှစ်အတွင်းရှိ ရဟန်း၊ သံဃာ၊ ပြည်သူများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမ)အကြိမ်ထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၆ ရက် နံနက် ၈ နာရီက ကြံခင်းမြို့မုတ်ထုတ်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံစုရပ်တွင်စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ကြံခင်းမြို့ပေါ်ရပ်ကွက် ၃ ခုရှိ အသက် ၆၄ နှစ်မှအသက် ၅၅ နှစ်အတွင်း ရှိ ရဟန်း၊ သံဃာ၊ ပြည်သူစုစုပေါင်း ၈၈ ဦး အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမ)အကြိမ်ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ယခုကာကွယ်ဆေး ထိုးနှံပြီးသော အသက် ၅၅ နှစ်မှ ၆၄ နှစ်အတွင်းရှိ ရဟန်း၊သံဃာ၊ပြည်သူများကို(၁၄-၁၀-၂၀၂၁) ရက်နေ့တွင် (ဒုတိယ)အကြိမ် ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အဆင့်ဌာနဆိုင်ရာ ကြီးကြပ်တာဝန်ရှိသူထံမှသိရသည်။ အဆိုပါ ကာကွယ်ဆေး ထိုးနှံစုရပ်တွင် စိစစ်ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ကျမြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲနှင့် သက်ဆိုင်ရာကျန်းမာရေးဌာနမှ တာဝန် ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းပြီး ကာကွယ်ဆေးမထိုးမီအပူချိန် တိုင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးပါက ဓာတ်မတည့်ခြင်း၊ ဘေးထွက် ဆိုးကျိုးလက္ခဏာများ ဖြစ်ပေါ်လျှင် ချက်ချင်းကုသပေး နိုင်ရေးအတွက်ကြည့်ရှုစောင့်ကြပ်ဆောင်ရွက်ပေးကြကြောင်း သိရသည်။


ကြံခင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု ၃၅ အုပ်စုရှိရာဆေးထိုးစုရပ် အသီးသီးတွင်လည်းအသက် ၅၅ နှစ်မှ  ၆၄ နှစ်အတွင်းရှိရဟန်း၊ သံဃာ၊ ပြည်သူ များကို ကာကွယ်ဆေး(ပထမ)အကြိမ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း စိစစ်ကြီး ကြပ်ရေးအဖွဲ့မှ တာဝန်ရှိကပြောသည်။

  မြို့နယ်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ