နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သံဖြူဇရပ်မြို့နယ် အသက် ၅၅ နှစ်မှ ၆၄ နှစ်ထိ ပြည်သူများကိုကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယနေ့ ဆက်လက်ထိုးနှံပေး

သံဖြူဇရပ်   စက်တင်ဘာလ ၁၇


မွန်ပြည်နယ် ၊  မော်လမြိုင်ခရိုင် ၊  သံဖြူဇရပ်မြို့နယ်တွင်     မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်  အသက်  ၅၅  နှစ်မှ  ၆၄  နှစ်ထိ ပြည်သူများ     ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို  အနင်း တိုက်နယ်ဆေးရုံတွင်   ဒုတိယ နေ့ အဖြစ်   စက်တင်ဘာ ၁၆ ရက် နံနက်    ၉    နာရီမှ စတင် ထိုးနှံပေး လျက်ရှိသည်။


နိုင်ငံတော် အစိုးရအနေဖြင့်    ကိုဗစ် - ၁၉ ရောဂါ  ကာကွယ်ကုသထိန်းချုပ် ခြင်းလုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ကာကွယ် ဆေးထိုးနှံနိုင်စေရေး ဆောင်ရွက်ပေး လျက်ရှိရာ သံဖြူဇရပ်မြို့နယ်အနေ ဖြင့်     အ.ထ.က ( ၁ ) ၊ ကျိုက္ခမီ (ကဇာတ်ရုံ ) ၊ ကျုံကဒါတ်အ.ထ.က အနင်းတိုက်နယ်ဆေးရုံ၊    ထင်းရှူး တိုက်နယ် ဆေးရုံ၊ ကရုပ္ပိတိုက်နယ် ဆေးရုံနှင့် ဝဲခမိတိုက်နယ်ဆေးရုံ စသည် စုရပ်  ၇   နေရာတို့တွင် အထွေ ထွေအုပ်ချုပ်ရေး  ဦးစီးဌာနဝန်ထမ်း များ ၊    မီးသတ်တပ်ဖွဲ့ဝင်များနှင့်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း ၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ရေးလမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊  သွေး ပေါင်ချိန်ခြင်းများ ဆောင်ရွက်ပေးပြီး  ပုံ မှန်အခြေအနေရှိမှသာ  ထိုးနှံပေး လျက် ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့်တာဝန်ရှိသူ များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရ သည်။

     (  ပြန်/ဆက် ) သံဖြူဇရပ်မြို့နယ်






အခြားဆက်စပ်သတင်းများ