နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကော့ကရိတ်မြို့နယ် ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေးထိုးနှံရန်ဦးစားပေး ဦးတည် အုပ်စု (၁၆) အုပ်စုကိုစတင် ထိုးနှံ

ကော့ကရိတ် စက်တင်ဘာ ၁၇


ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများရှိ ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် ဦးစားပေးဦးတည်အုပ်စု (၁၆) အုပ်စု အား ကာကွယ်ဆေးများစတင်ထိုးနှံ ခြင်းကို စက်တင်ဘာ ၁၆ ရက် နံနက် ၉ နာရီက ဆေးထိုးစု ရပ်များဖြစ်သည့်အမှတ် (၆)ရပ်ကွက် ဇိနသုခဓမ္မာရုံ၊အမှတ် (၇)ရပ်ကွက်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနအစည်းအဝေးခန်းမနှင့် အထက (ကျုံဒိုး) တို့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းလုပ် ငန်းဆောင်ရွက်ရာတွင် မြို့နယ်အုပ် ချုပ်ရေးမှူး ဦးကျော်ကျော်ဦး၏ ကြီး ကြပ်မှုဖြင့် ခရိုင်ကျန်းမာရေးနှင့် ကုသ ရေးဦးစီးဌာနမှူး ဒေါက်တာတင်ထွန်း ဇော်ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများက ကော့ကရိတ်မြို့နယ် အတွင်း ရပ်ကွက် ၊ ကျေးရွာများရှိဦး စားပေး ဦးတည်အုပ်စုများဖြစ်သည့် အသက် ၅၅ နှစ်နှင့်အထက် ပြည်သူ များ၊ အစိုးရ ၊ ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ ၊ ပရဟိတဝန်ထမ်းများ၊ ဘုန်းတော်ကြီး ကျောင်း၊ သီလရှင်ကျောင်းနှင့် သာသ နာ့နွယ်ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင် မှုလုပ်ငန်းများ၊ ပုဂ္ဂလိကစက်ရုံ/အလုပ် ရုံဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုရေးနှင့် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများ၊ အကျဉ်းထောင်၊ အချုပ်ထောင်မှ အကျဉ်းသားများ၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးဝန်ထမ်း များ၊စျေးသည်များ၊ မသန်စွမ်းများ၊EAO များ၊ရွှေ့ပြောင်းလူအုပ်စုများ ၊ ယာယီ စခန်းများနှင့် နာတာရှည်ရောဂါပိုး ရှိသူများအား ကိုဗစ် - ၁၉ရောဂါ ကာ ကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။


အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း မပြုမီ ကျန်းမာရေးဌာန ဝန်ထမ်းများ၊ မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဝင်များ၊ ကြက်ခြေနီ အသင်းတပ်ဖွဲ့ဝင်များက ဦးစားပေး ထိုးသင့်သူများကို စာရင်း ရေးသွင်း ခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အပူ ချိန်တိုင်းတာပေးခြင်း၊သွေးအတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာပေး ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ကို ဆောင်ရွက်ကြပြီးပုံမှန်အခြေအနေ ရှိမှသာ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ဆေးကို ထိုးနှံပေးလျက်ရှိသည်။


ကော့ကရိတ်မြို့နယ် အတွင်း ရပ်ကွက် ၊ ကျေးရွာများရှိကာကွယ် ဆေးထိုးနှံရန်ကျန်ရှိသည့် ဦးစားပေး ဦးတည်အုပ်စု (၁၆) အုပ်စုအား စက်တင်ဘာ ၁၆ရက် မှ ၁၈ ရက် အထိဆေးထိုးစုရပ်များ၌ ကာကွယ် ဆေးများ ထိုးနှံပေးသွားမည်ဖြစ် ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနမှ သိရသည်။    IPRD






အခြားဆက်စပ်သတင်းများ