နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နွားထိုးကြီးနယ် တာဝါတိုင် ဗုံးခွဲခံရ

နွားထိုးကြီး စက်တင်ဘာ ၁၇


မန္တလေးတိုင်းဒေသကြီး    နွားထိုး ကြီးမြို့နယ်    မာန်လည်ရွာရှိ    Mytel တာဝါတိုင်ကို   စက်တင်ဘာ ၁၅ ရက် နံနက်က ဗုံးခွဲခံရကြောင်း နယ်ခံတို့က ပြောသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားသော်လည်း     တာဝါတိုင်ပျက်စီးမှုမရှိဘဲ   အမိုးသာ ပျက်စီးသွားကြောင်း သိရသည်။


နွားထိုးကြီးမြို့နယ်တွင် တာဝါ တိုင်များ လုံခြုံမှုကို အဓိကထား စောင့်ရှောက်နေသည်။ ပထမဦးဆုံး    တာဝါတိုင်    ဗုံးခွဲခံရခြင်းဖြစ်သည်။ဗုံးခွဲသူမှာ မည်သည့်အဖွဲ့အစည်းကမျှ   ကြေညာခြင်း မရှိသေးကြောင်း သိရ သည်။


နွားထိုးကြီးတွင်    မြို့ပေါ်တာဝါတိုင်    ၅ တိုင်အပါအဝင်    ကျေးရွာများတွင် တာဝါတိုင်  ၁၀ တိုင်ကျော်ရှိနေပြီး    MPT  ၊  Mytle၊  တယ်လီနော၊  အော်ရီဒူး တိုင်များ ပါဝင်သည်။      ဌေးမြင့်မောင်






အခြားဆက်စပ်သတင်းများ