နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘိန်းဖြူ ၁၁၈ ဒသမ ၃၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၄ဝ,ဝဝဝ သိမ်းဆည်းရမိ

ရန်ကုန် စက်တင်ဘာ ၁၇


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၄ ရက် နံနက် ၂ နာရီတွင် နောင်ချိုမြို့နယ် မူဆယ်-မန္တလေးသွား ကားလမ်း အိုရီယမ်တယ်တိုးဂိတ်အနီး တွင် သီပေါမှ မန္တလေးသို့ လှစိုးဦး(ခ)လှဦး မောင်းနှင်လာသည့်ခြောက်ဘီး ယာဉ်ကို ရှာဖွေရာ ယာဉ်နောက်ခန်း တွင် စက္ကူချပ်ပုံ အဟောင်းများဖြင့် ဖုံးအုပ် သယ်ဆောင်လာသည့် ဆာလာအိတ် ၃၈ အိတ်အတွင်းမှ ဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၈၉ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၁၈ ဒသမ ၃၄ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀,၀၀၀ သိမ်းဆည်းရမိခဲ့သည်။ 


ကွင်းဆက်အရ နံနက် ၅ နာရီခွဲတွင် ပြင်ဦးလွင်မြို့နယ် ဝက်ဝံ ကျေးရွာအနီးတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ ကျော်ဇေနှင့် အောင်စိုးတို့ကို Honda Airwave ယာဉ်တစ်စီးနှင့်အတူ ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်း ဆည်းရမိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါ မြို့နယ်မှ မန္တလေးသို့ သယ်ဆောင် ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့ သုံးဦးကို ဥပဒေအရ အရေးယူထား ရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများ အားစစ်ဆေး ဖော်ထုတ်လျက်ရှိ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ