နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Mytel တာဝါတိုင် မီးရှို့ဖျက်ဆီးသူများ ဖမ်းဆီးရမိ

ရန်ကုန် စက်တင်ဘာ ၁၇


စက်တင်ဘာ ၁၂ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်၊ အောင် မင်္ဂလာ ရပ်ကွက်၊ ပြည်သာအေးတိုးချဲ့ ၂ လမ်းရှိ Mytel တာဝါတိုင်ကို ဓာတ်ဆီ လောင်၍ မီးရှို့ဖျက်ဆီးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက အပူတပြင်း လိုက်လံစုံစမ်းဖော်ထုတ်ခဲ့ရာ အဆိုပါ တာဝါတိုင် မီးရှို့ဖျက်ဆီးမှုဖြစ်စဉ် တွင် ပါဝင်ခဲ့သူများအနက် လှည်းကူး မြို့နယ်၊ ခိုင်ရွှေဝါလမ်း၊ ရိပ်သာ ရပ်ကွက်နေ ကိုကိုချစ် (ခ)ဝေဖြိုး(၂၄)နှစ် (ဘ)ဦးစောထွေးနှင့် ပြည်တော်သာ ၄ လမ်း၊ ပြည်တော်သာရပ်ကွက်နေ သဲအိဖြူ (၃၂)နှစ် (ဘ)ဦးသန်းဝင်းတို့ကို စက်တင်ဘာ ၁၅ ရက် ညနေပိုင်းတွင် ကနဦး ဖမ်းဆီးရမိခဲ့သည်။


အဆိုပါ ဖမ်းဆီးရမိသူများ၏ စစ်ဆေးမေးမြန်းချက်အရ ယင်းတို့ သည် Mytel တာဝါတိုင်မီးရှို့မှုဖြစ်စဉ် တွင် ကိုယ်တိုင်ပါဝင်ခဲ့ပြီး NLD ပါတီဝင်တစ်ဦးဖြစ်သည့် စည်သူနှင့် သိန်းတန် (လှည်းကူးမြို့နယ်၊ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဟောင်း)တို့က စေခိုင်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ