နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဘားအံ စက်တင်ဘာ ၁၇


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၄ ရက် ညနေ ၆ နာရီတွင် ဘားအံမြို့ အမှတ်(၆)ရပ်ကွက် ကမ္ဘောဇလမ်းနေ ကျော်စည်သူနိုင်(ခ) ကျော်ရဲနိုင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ် အိပ်ခန်းအတွင်းရှိ ကြမ်းပြင်ပေါ်မှ  စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀ သိမ်း ဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက် အရ ည ၇ နာရီခွဲတွင် ဘားအံ-ဇာသပြင် သွား ကားလမ်းဇာသပြင်(အနောက်) ကျေးရွာအနီးတွင် မောင်ငယ်ကို ဆိုင်ကယ်တစ်စီး၊ စိတ်ကြွရူးသွပ် ဆေးပြား ၄၀၀၀ ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း၊ ထို့နောက် ဘားအံ မြို့နယ် ကော့ဒိုက်ပြင်ကျေးရွာနေ စောခင်ဇော်၏နေအိမ်သို့ ဆက်လက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ကျော် စည်သူနိုင်(ခ) ကျော်ရဲနိုင်၊  မောင်ငယ် နှင့် စောခင်ဇော်တို့ကိုလည်းကောင်း၊ စက်တင်ဘာ ၁၅ ရက် မွန်းတည့် ၁၂ နာရီတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် ပြည်ထောင်စုလမ်းအနီးတွင် သိုင်း ထက်စိုး(ခ) သိုင်းထက် မောင်းနှင် လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေး ရှာဖွေရာ ဆိုင်ကယ်လက်ကိုင် တွင် ချိတ်ထားသည့် ဘိန်းဖြူ သုည ဒသမ ၀၉၉၈ ကီလို သိမ်းဆည်းရမိခဲ့သဖြင့်သိုင်းထက်စိုး(ခ) သိုင်းထက်ကို လည်းကောင်း၊ စက်တင်ဘာ ၁၅ ရက် နံနက် ၁၁ နာရီတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ပြင်ဦးလွင်မြို့နယ် ဝက်ဝံ ကျေးရွာအနီးတွင်  ဇော်နိုင် မောင်းနှင်ပြီး မထိပ်ထားလိုက်ပါလာသည့် ဆိုင်ကယ် ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။                   ဆွေဦး






အခြားဆက်စပ်သတင်းများ