နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာမွေမြို့နယ်ရှိ ဟင်းသီးဟင်းရွက်နှင့်သား/ငါး အခွန်လွတ်စျေး သန့်ရှင်းသပ်ရပ်စေရေးအတွက် အထူးအလေးထားဆောင်ရွက်

ရန်ကုန် စက်တင်ဘာ ၁၆


ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ ဟင်းသီး ဟင်းရွက်နှင့် သား/ငါး အခွန်လွတ်စျေးအတွင်း သန့်ရှင်းသပ်ရပ် စေရေးအတွက် စက်တင်ဘာ၁၅ ရက်နံနက်ပိုင်းအချိန်က မြို့နယ် အတွင်းရှိ စျေး ၇ စျေးမှ စျေးတာဝန်ခံများနှင့် မြို့နယ်စည်ပင် သာယာရေးဌာနမှ  ဝန်ထမ်းများပူးပေါင်း၍  အဆိုပါ ဟင်းသီး ဟင်းရွက် နှင့် သား/ငါး အခွန်လွတ်စျေးအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက် ခြင်း၊ စျေးအတွင်းရှိ ရေဝပ်နေသော ချိုင့်ခွက် နေရာများကို သဲအိတ်များဖြင့် မြေဖို့ပေးခြင်းနှင့် စျေးအတွင်းရှိ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ် မြောင်းများအတွင်း ပိတ်ဆို့နေသောနုန်းနှင့် အမှိုက်များကို ဖယ်ရှား ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


ထို့သို့ ဆောင်ရွက်ပေးနေမှုအပေါ် အဆိုပါစျေးတွင် ဟင်းသီး ဟင်း ရွက်ရောင်းချနေသူတစ်ဦးကလည်း " ယခုလို စျေးမှ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ စျေးကြီးအတွင်း သန့်ရှင်းသပ်ရပ်စေရေး အတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ပေးတာတို့၊ စျေးအတွင်း ရေစီးဆင်းမှုမရှိတဲ့ ရေမြောင်းတွေအတွင်းမှ  နုန်းနှင့် အမှိုက်သရိုက် တွေ ဖယ်ရှား ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးတာဟာ ကျွန်တော်တို့ စျေးသူ/စျေးသားများအတွက်သာမက စျေးသို့ စျေးဝယ်လာရောက် ကြ သူတွေအတွက်လည်း များစွာအကျိုးရှိပါတယ်။ နောက်ပြီး ဒီစျေး က ရန်ကုန်မြို့စွန်နေရာတွေဖြစ်တဲ့ တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူးစတဲ့ မြို့နယ်တွေက ကိုယ်တိုင်စိုက်ပျိုးမွေးမြူသူတွေကိုယ်တိုင် စားသုံး သူ တွေ လက်ဝယ်အရောက် သက်သာသော စျေးနှုန်းတွေနဲ့ လာရောက် ရောင်းချတဲ့ စျေးလည်းဖြစ်ပါတယ်။ ယခင်က ဒီစျေးမှာရှိတဲ့ ရေနုတ် မြောင်းတွေဟာ ရေစီးဆင်းမှုမရှိခဲ့တဲ့အတွက် မိုးသည်းထန်စွာရွာသွန်း ချိန်များတွင် စျေးဆိုင်ခန်းများအတွင်း မိုးရေများ ဝပ်နေတဲ့အတွက် ကျွန်တော်တို့ စျေးရောင်းချသူတွေအနေနဲ့လည်း အမြဲတမ်း ရေခပ်ထုတ်ရတဲ့ ပြဿနာနဲ့ ကြုံတွေ့နေရပါတယ်။ ယခုလိုသက်ဆိုင် ရာ တာဝန်ရှိသူတွေအနေနဲ့ ရေနုတ်မြောင်းများအတွင်းရှိ နုန်းနှင့် အမှိုက် တွေကို ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ပေးတဲ့အတွက် ယခင်ကလို ဆိုင်ခန်းတွေအတွင်း ရေဝင်ရောက်သည့် ပြဿနာမှ ကင်း ဝေးသွားစေနိုင်မှာဖြစ်တဲ့အတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ်”  ဟု ပြောခဲ့သည်။


ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေ မြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့နယ်အတွင်းရှိ မိုးမခချောင်း၊ နတ်ချောင်း၊ ခုနစ်ပင်လိမ်ချောင်းနှင့် ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး၊ မြို့နယ်အတွင်း ပတ်ဝန်းကျင်သန့် ရှင်းသာယာလှပစေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့ စေရေး တို့အတွက်လည်း စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။                  နိုင်လင်းအောင်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ