နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သုဝဏ္ဏ ကိုဗစ်ကုသရေးစင်တာ လူနာ ၅၀၀ လက်ခံကုသမည်

ရန်ကုန် စက်တင်ဘာ ၁၆


ရန်ကုန်မြို့ရှိ ကိုဗစ်လူနာ များ ကုသရေးအတွက် “အုတ် တစ်ချပ်သဲ တစ်ပွင့်”ဖောင်ဒေး ရှင်းမှ သုဝဏ္ဏ ကိုဗစ်ကုသရေး စင်တာကို   ဖွင့်လှစ်လိုက်ပြီ ဖြစ်၍ တက်ရောက်ကုသလို သော  လူနာများနှင့် လူနာရှင် များ သိရှိထားရမည့်အချက်များ ကို      ဖော်ပြပေးလိုက်သည်။  သွေးတွင်း အောက်ဆီဂျင် ၉၃ ရာခိုင်နှုန်းနှင့် ၈၅  ရာခိုင်နှုန်း ကြားတွင်ရှိသော  လူနာများ၊  ဒေသန္တရမှ Positive ဖြစ်ကြောင်း ထောက်ခံချက်   (သို့မဟုတ်) Lab တစ်ခုခု မှ   ဆေးစစ်ချက် Positive ထွက်သည့် အဖြေစာ ရွက်ပါပါက တစ်ခါတည်း တက် ရောက်ကုသခွင့်ပြုထားသည်။ အဆိုပါ ထောက်ခံချက်၊ဆေးစစ် ချက်များ မပါရှိပါက နေ့စဉ် နံနက် ၉ နာရီမှ ၃ နာရီ အတွင်း စင်တာ တွင် RDT ဖြင့် စစ်ဆေးပေးပြီး Positive   အဖြေထွက်ပါက တက်ရောက်ကုသခွင့်  ရရှိမည် ဖြစ်သည်။


 တက်ရောက်   ကုသရန် လူနာစောင့်တစ်ဦး   လိုက်ပါ စောင့်ရှောက်ရမည်ဖြစ်သည်။ အမျိုးသားလူနာအတွက် အမျိုး သား    လူနာစောင့်တစ်ဦး၊ အမျိုးသမီးလူနာအတွက် အမျိုး သမီးလူနာစောင့်သာ စောင့်ခွင့် ရှိမည်ဖြစ်ပြီး  လူနာစောင့်သည့်   စင်တာမှနေပြီး ပြင်ပသို့ အဝင်၊ အထွက်  ပြုလုပ်ခွင့်  မရှိပေ။  လူနာနှင့် လူနာစောင့်များသည် ကုသရေးစင်တာ  စည်းကမ်းများ ကို အတိအကျ   လိုက်နာရန် လိုအပ်သည်။ အဆိုပါ လူနာနှင့် လူနာစောင့်တို့အတွက် အစား အသောက်များကို  နံနက်စာ၊ နေ့လယ်စာ၊ ညစာ သုံးကြိမ်ကို  စင်တာမှ တာဝန်ယူ ကျွေးမွေး သွားမည် ဖြစ်သည်။ ကိုဗစ် ရောဂါ ခံစားနေရသူများ အနေဖြင့် လိုအပ်သော  ဆေးဝါးများ (Favipiravir, Remdesivir လိုအပ်လာပါက သက်ဆိုင်ရာ ဆရာဝန်ညွှန်ကြားချက် အတိုင်း) အခမဲ့ သုံးစွဲပေးသွားမည်ဖြစ်ပြီး လူနာများ ဆေးရုံတက်သည့် အချိန်မှစပြီး ဆေးရုံဆင်းသည့် အချိန်အထိ နေထိုင် စားသောက် စရိတ်၊ ဆေးကုသစရိတ်များကို စင်တာမှ(အခမဲ့) အသုံးပြုပေး သွားမည်ဖြစ်ကြောင်း သိရသည်။


လူနာများ  အောက်ဆီဂျင် လုံလောက်စွာအသုံးပြုနိုင်စေရန် အတွက် Oxygen Concentrator များ၊ Oxygen Tankများ အပြင် Oxygen Plant ကိုပါ တပ်ဆင်ပေးထားမည်ဖြစ်ပြီး  လူနာများ အတွက်  လိုအပ် သော စစ်ဆေးမှုများ  လုပ်ဆောင်နိုင် ရန် အရည်အသွေးမြင့် ပုဂ္ဂလိက ဓာတ်ခွဲခန်းတွင် အခမဲ့စစ်ဆေး ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။  


ပထမအဆင့်    အနေဖြင့် ကိုဗစ်လူနာ   အယောက်  ၂၀၀ ကို    ဦးစွာလက်ခံ  ကုသပေး သွားမည်ဖြစ်ပြီး ဒုတိယအဆင့် အနေဖြင့်  လူနာ  ၃၀၀၊ စုစု ပေါင်းလူနာ ၅၀၀ လက်ခံကုသ ပေးသွားမည်    ဖြစ်ကြောင်း သိရသည်။ လူနာတက်ရောက် ခွင့်အသေးစိတ် ထပ်မံသိရှိလို ပါက Admission Phone Number – 09 880 847 663 ကို နံနက် ၉နာရီမှ ညနေ ၅ နာရီ အတွင်း    ဆက်သွယ်မေးမြန်း     စုံစမ်းနိုင်ပြီဖြစ်သည်။              Ks






အခြားဆက်စပ်သတင်းများ