နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဈေးပြိုင်လေလံဖြင့် ဒေါ်လာသိန်း ၈၀ ရောင်းချ

ရန်ကုန် စက်တင်ဘာ ၁၆


မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် စက်တင်ဘာ ၁၅ ရက်တွင် နိုင်ငံခြားငွေဈေးပြိုင်လေလံဖြင့် အမေရိကန်ဒေါ်လာသိန်း ၈၀ ကိုပျမ်းမျှငွေလဲလှယ်နှုန်း ၁၇၅၀ ကျပ်ဖြင့် ရောင်းချခဲ့သည်။ စက်တင် ဘာလအတွင်း စုစုပေါင်းအမေရိကန်ဒေါ်လာ သိန်း ၂၃၀ ရောင်းချခဲ့ သည်။ 


၂၀၂၁ ခုနှစ်ဖေဖေါ်ဝါရီ ၃ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ၃၃ ကြိမ်အမေရိကန်ဒေါ်လာများ ဈေးပြိုင်လေလံဖြင့် ရောင်းချခဲ့ရာ စုစုပေါင်းပမာဏမှာ ၁၄၄ ဒသမ ၈ သန်းရှိသည်။    

  

ထိုသို့ရောင်းချခြင်းကြောင့် စက်တင်ဘာ ၁၄ ရက်က ပြင်ပ ဈေးကွက်တွင် ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ကျပ် ၂၀၀၀ ဝန်းကျင် ရှိခဲ့ရာမှ စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၁၉၁၅ မှ ၁၉၂၀ ဝန်းကျင် သာရှိသည်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေမှာ တစ်ကျပ်သား လျှင်ကျပ် ၁၈၁၈၀၀၀ ဝန်းကျင်ရှိသည် ။     အောင်သူရ






အခြားဆက်စပ်သတင်းများ