နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့်အဖွဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရန်ကုန် စက်တင်ဘာ ၁၆


ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့၊     စီးပွားရေးရာဝန်ကြီး၊  ရင်းနှီးမြှုပ်နှံမှု    လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့      ဥက္ကဋ္ဌ ဦးအောင်သန်းဦးသည် တာဝန်ရှိ သူများနှင့်အတူ စက်တင်ဘာ ၁၅ ရက် နံနက်တွင်   ရန်ကုန်တိုင်း ဒေသကြီး   ရွှေပြည်သာစက်မှုဇုန် ရှိ နိုင်ငံသားပိုင် Golden Com- posure Co;Ltd အရည်အသွေး မီတန်းမြင့်  ဆန်နှင့်   ဆန်ကွဲ ထုတ်လုပ်ပြီး    ရာနှုန်းပြည့်    ပြည်ပတင်ပို့ခြင်းလုပ်ငန်းခွင် နှင့် မှော်ဘီမြို့နယ်၊ မြောင်း တကာစက်မှုဇုန်ရှိ  နိုင်ငံခြားသား ပိုင် Yangon Wan Ping Garm-ent Co;Ltd ၏  (CMP)စနစ်ဖြင့် အထည်ချုပ်လုပ်ငန်းတို့ကို  သွား ရောက်စစ်ဆေးခဲ့သည်။


ထိုသို့စစ်ဆေးရာ တိုင်းဒေသ ကြီး ဝန်ကြီးက ''ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော် မတီအနေဖြင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု   လုပ်ငန်းများ တိုးတက်စေရန်   ဥပဒေနှင့် အညီ ခွင့်ပြုပေးလျက်ရှိကြောင်း၊ ပြည် တွင်းနှင့် ပြည်ပရင်နှီးမြှုပ်နှံမှု လုပ်ငန်းများတွင်  ကွာဟမှုမရှိ စေရန်လိုအပ်ကြောင်း၊ လုပ်ငန်း ရှင်များကို   ဥပဒေအရ  အခွင့် အရေးပေးထားသလို တာဝန်ယူ မှုလည်း    ရှိရမှာဖြစ်ကြောင်း၊ ကိုဗစ်-၁၉   ရောဂါကြောင့် အလုပ်အကိုင်ရှားပါးနေချိန်တွင် အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိအောင်    တိုင်းအစိုးရမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကုမ္ပဏီအနေဖြင့်လည်း ရင်းနှီး မြှုပ်နှံမှုဥပဒေနှင့်အညီ  ဆောင် ရွက်သည့်အတွက် ကျေးဇူးတင်ရှိ ကြောင်း ပြောကြားခဲ့သည်။


တိုင်းဒေသကြီး  ဝန်ကြီးနှင့် အဖွဲ့သည်     မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန်ရှိ  နိုင်ငံ ခြားသားပိုင် Yangon Wan Ping Garment Co;Ltd ၏ (CMP)စနစ် ဖြင့် အဝတ်ထည်ချုပ်လုပ်သည့် စက်ရုံသို့    သွားရောက်စစ်ဆေး ရာ  တိုင်းဒေသကြီး  ဝန်ကြီးက    ''ယခုအခါ   ကိုဗစ်-၁၉  ရောဂါ ဖြစ်ပွားနေသည့်အတွက်  နိုင်ငံ တိုင်းမှာ    စီးပွားရေးကျဆင်း လျက်ရှိကြောင်း၊   နိုင်ငံတကာ ကုန်သွယ်ရေးဟာလည်း   နှေး ကွေးပြီး ဈေးနှုန်းများ  မြင့်တက် လျက်ရှိကြောင်း၊ အခက်အခဲများ ကြားမှ   မြန်မာနိုင်ငံတွင်  လာ ရောက်ရင်းနှီးမြှုပ်နှံသည့်အတွက်    များစွာ   ကျေးဇူးတင်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု   လုပ်ငန်းသည်    အစိုးရ၊ လုပ်ငန်းရှင်နှင့် အလုပ်သမား ကဏ္ဍ ၃ ခု  ညီညွတ်စွာ ပူးပေါင်း    ဆောင်ရွက်မှသာ အောင်မြင်မှာ ဖြစ်ကြောင်း၊   လုပ်သားများ  ကျန်းမာပျော်ရွှင်စွာ  လုပ်ကိုင် နိုင်မှ  ထုတ်ကုန်များ တိုးမြှင့် လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း၊    ဝန်ထမ်းများအားလုံး  ကိုဗစ် ကာကွယ်ဆေးကိုလည်း သက် ဆိုင်ရာမှ   ထိုးနှံပေးလျက်ရှိ ကြောင်း၊  စက်ရုံနှင့် ဝန်ထမ်း များ၏   လုံခြုံရေးကိုလည်း တာဝန်ရှိများက အထူးဂရုစိုက် ရန်''လိုအပ်ကြောင်း ပြောကြား ခဲ့သည်။ 


တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့်  ရင်းနှီးမြှုပ်နှံမှုကော်မတီ အနေဖြင့် လစဉ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ စိစစ်ခြင်း၊ခွင့်ပြု ခြင်းများ ပြုလုပ်ပေးလျက်ရှိသလို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဥပဒေနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်းသိရသည်။

သတင်း-နန္ဒာ

ဓာတ်ပုံ-စောလှိုင်ဝင်း






အခြားဆက်စပ်သတင်းများ