နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သက်ကြီးအနုပညာရှင်များကို အာယုသုခုမအဖွဲ့က ပထမအကြိမ် အလှူငွေများပေးအပ်ပွဲကျင်းပ

ရန်ကုန်၊  မေ  ၂၇


ရုပ်ရှင်၊ဂီတ၊သဘင်အနုပညာအဖွဲ့တို့တွင်ရှိသော သက်ကြီးအနုပညာရှင်များ၊ ကျန်းမာရေးမကောင်းသည့် အနုပညာရှင်များအတွက် အာယုသုခုမအဖွဲ့၏ ပထမအကြိမ် အလှူငွေပေးအပ်ပွဲအခမ်းအနားကို မေ ၂၇ ရက် နံနက် ၁၀ နာရီက ဗဟန်းမြို့နယ်၊ အမှတ်(၁၆)၊ ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (MMPO Cinema) ရုပ်ရှင်ရုံ၌ ကျင်းပသည်။


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမြင့်ဌေးက အာယုသုခုမအဖွဲ့၏ လှူဒါန်းရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က လှူဒါန်းငွေများပေးအပ်ရာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ ဦးနန်းဝင်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံးမှ ဦးညွန့်လှိုင်တို့က လက်ခံရယူခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။


အာယုသုခုမအဖွဲ့၏ ပထမအကြိမ်ငွေလှူဒါန်းမှုတွင် ရုပ်ရှင်အစည်းအရုံးအတွက် အလှူငွေ ကျပ် ၆၅ သိန်း၊ သဘင်အစည်းအရုံးအတွက် ငွေကျပ် ၇၅ သိန်း၊ ဂီတအစည်းအရုံးအတွက် ငွေကျပ် ၂၅ သိန်း၊ လှူဒါန်းမှု စုစုပေါင်း ငွေကျပ်တန်ဖိုးမှာ ၁၆၅ သိန်းဖြစ်ကြောင်း သိရှိရသည်။


အောင်မြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ