နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကြမ်းဖက်သမားများက လူနေအိမ်များ မီးရှို့ဖျက်ဆီး အပြစ်မဲ့ပြည်သူများ သတ်ဖြတ်

ကလေး စက်တင်ဘာ ၁၆


စက်တင်ဘာ ၁၄ ရက် ည ၁၀ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကျောက်ပြုတ် ကျေးရွာသို့ အကြမ်းဖက်သူအင်အား ၅၀ ဦးခန့်က တူမီးသေနတ်နှင့် လက် လုပ်သေနတ်များဖြင့် ဝင်ရောက်၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင် ခဲ့ကြောင်း သိရှိရသည်။


အကြမ်းဖက်သမားများသည် ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး နောက် ကျေးရွာရှိ ရတနာရောင်ခြည် ဘုန်းတော်ကြီးကျောင်းကို သေနတ် များဖြင့် ပစ်ခတ်ခဲ့ပြီး ကျေးရွာအတွင်း ရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီး ခဲ့ရာ အိမ်ခြေ ၂၅ လုံးခန့် မီးလောင် ကျွမ်းခဲ့ကြောင်းနှင့် ကျေးရွာနေ ဖိုးလွင် ၂၆ နှစ်(ဘ)ဦးကျော်လွင်၊ မောင်မိုး ၃၀ နှစ်(ဘ)ဦးမောင်အေးတို့အား ဖမ်းဆီး ခေါ်ဆောင်၍ ကျောက်စီကျေးရွာအနီး ၌ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရ သည်။                                    ဆွေဦး






အခြားဆက်စပ်သတင်းများ