နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နွေအတွက် ရေမခက်ရေး

ကမ္ဘာ့လူဦးရေသည် လျင်မြန်စွာတိုးပွားလာမှုနှင့် ရာသီဥတု ပြောင်းလဲမှုတို့ကြောင့် ရေသယံဇာတရှားပါးမှုသည် အရေးကြီး သောစိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့်ပတ်သက် ၍အသိပေးထားသည်။ နွေရာသီစိုက်ပျိုးရေအပြည့်အဝရရှိစေ ရေးနှင့် သောက်သုံးရေရှားပါးပြတ်လတ်မှုမရှိစေရေးကို တိုင်း ဒေသကြီးများ၌ တာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက်လျက်ရှိ သည်။


ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဒုတိယစပါးကျီဖြစ် သည့်အတွက် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက် လျက်ရှိသဖြင့် စိုက်ပျိုးရေအပြည့်အဝရရှိစေရေး၊ ဆည်၊ တမံ များ၌ မိုးရေများပြည့်မီသိုလှောင်ထားရန်လိုအပ်ကြောင်း ဆည်၊ တမံများမှ စုဆောင်းထားသည့် မိုးရေများအား ရေပေးဝေရာတွင် လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် အကျိုးရှိရှိအသုံးချနိုင်စေရေး လက်တံရေပေးတူးမြောင်းများ ပြန်လည်မွမ်းမံခြင်းနှင့် ကြံ့ခိုင်မှု စစ်ဆေးခြင်းတို့ကို သက်ဆိုင်ရာ ဆည်မြောင်းနှင့် ရေအသုံးချရေး ဦးစီးဌာနက ကွင်းဆင်းစစ်ဆေးရန်၊ နွေရာသီတွင် သောက်သုံးရေ ရှားပါးသည့်ဒေသများ၌ စက်ရေတွင်းများ၊ ရေကန်များတူးဖော် ပေးနိုင်ရေး သက်ဆိုင်ရာ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကြိုတင်လျာထားရန် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ နွေရာသီစိုက်ပျိုးရေအပြည့်အဝရရှိစေရေးနှင့် သောက်သုံးရေ ရှားပါးပြတ်လပ်မှုမရှိစေရေး ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၃ ရက်က အွန်လိုင်းစနစ်ဖြင့်ကျင်းပရာတွင် ထည့်သွင်းပြော ကြားခဲ့သည်။


နိုင်ငံတွင်     အရေးကြီးသောစိုက်ပျိုးရေးလုပ်ငန်းအတွက် လည်းကောင်း၊ သောက်သုံးရေအတွက်လည်းကောင်း၊ လိုအပ် သောရေချိုအရင်းအမြစ်များကို နည်းမျိုးစုံဖြင့် ထိန်းသိမ်းကာ အကျိုးရှိစွာသုံးစွဲရန်  လိုအပ်ပေသည်။ ကျေးလက်နေပြည်သူများ ရေရရှိရေး၊ လူနေမှုဘဝမြင့်မားရေးအတွက် နိုင်ငံတော်အစိုးရ အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက နွေရာသီသောက်သုံးရေရှားပါးသည့် ဒေသများ၌ စက်ရေတွင်းတူးဖော်ပေးလျက်ရှိသည်။


နွေရာသီရေလိုအပ်ချိန်တွင် ရေလှူရခြင်း၊ ရေနှင့် ကောင်းမှု ပြုရခြင်းမှာ အကျိုးကြီးမားလှပေသည်။ ရေလိုအပ်ချိန်တွင် မိဘ ပြည်သူများအကျိုးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ စေတနာရှင်ပရဟိတအသင်းများက ရေပြတ်လပ်နေသော ဒေသများတွင် ကုသိုလ်ကောင်းမှုယူနေကြရာ ရေအကျိုးဆယ်ပါး ကို မတောင်းဘဲနှင့် ပြည့်စုံအောင် စွမ်းဆောင်ခဲ့ကြသည်။


မုတ်သုံရာသီမကြာမီဆုတ်ခွာမည်ဖြစ်ရာ ရေချိုအရင်းအမြစ် များ မဆုံးရှုံးစေရေး၊ ကြိုတင်၊ ပြင်ဆင်ဆောင်ရွက်ထားခြင်းဖြင့် နွေရာသီတွင် သောက်သုံးရေပြတ်လပ်မှုမဖြစ်ပေါ်ရေး၊ စိုက်ပျိုး ရေရရှိရေးအတွက်    အထောက်အပံ့ဖြစ်မည်ဟု    ဆိုချင်ပါ ကြောင်း ။






အခြားဆက်စပ်သတင်းများ