နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာမွေမြို့နယ် ကျိုက္ကဆံလမ်းနှင့်သမိန်ဗရမ်း လမ်းထောင့်ယာဉ်ထိန်းရုံအနီးလက်လုပ်ဗုံးတွေ့

ရန်ကုန် စက်တင်ဘာ ၁၅


တာမွေမြို့နယ်၊ မလွှကုန်း ဌေးကြွယ်ရပ်ကွက်၊ ကျိုက္ကဆံလမ်းနှင့် သမိန် ဗရမ်း လမ်းထောင့် ယာဉ်ထိန်းရုံ Control Box ဘေးတွင် စက်တင်ဘာ ၁၄ ရက်၊ နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန်က မသင်္ကာဖွယ် ရာကြွပ်ကြွပ် အိတ်တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးရာ အိတ်အတွင်းမှ အလျား ၆ လက်မ၊ အချင်း ၂ လက်မ ခန့်ရှိ အရစ်ဖော်ထားသည့် သံပိုက်  (၁)ခု၊ Keypad ဖုန်းတစ်လုံး၊ AA ဓာတ်ခဲ ၂ လုံးတို့အား ဝါယာကြိုးဖြင့် တွဲလျက် မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးတစ်လုံးအား တွေ့ရှိသဖြင့် စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့မှ သက်မဲ့ပြုလုပ်ရှင်းလင်း သိမ်းဆည်း ခဲ့ကြောင်းနှင့် ပြစ်မှုကျူးလွန်သူအား ဖော်ထုတ် ဖမ်းဆီး ရမိရေး ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်းသိရ သည်။                         ကျော်သူထက်






အခြားဆက်စပ်သတင်းများ