နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်၍ ပြည်သူတို့၏နေ့စဉ် စားသုံးမှုဘဝသည် လူမှုဆောင်တာများတွင် ခေတ်မီစနစ်ကျနမှု များလိုအပ်နေဆဲဖြစ်သည်။ လက်တွေ့ဘဝတွင် လူတို့အနေဖြင့် အလွယ်တကူသက်သာမှုကို ရှာဖွေရယူစားသောက်တတ်မှုကြောင့် မဖြစ်သင့်မဖြစ်ထိုက်သည့် ဘေးထွက်ဆိုးကျိုးများ လူတို့တွင် ရရှိ ခံစားနေကြရသည်လည်း အမှန်ပင်ဖြစ်သည်။


မျက်မှောက်ကာလတွင် သတိပြုရမည့်အချက်များမှာ ဇီဝ အန္တရာယ်ဟုဆိုသည့်အစားအသောက်များတွင်ပါဝင်သော ပိုးမွှား နှင့် အဆိပ်အန္တရာယ်ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူတို့၏ သဘောသဘာဝနှင့်အနေအထားများအရ ပြည်သူတို့နေ့စဉ်စား သုံးနေသောအစားအစာများကို ပြည်သူတို့ကိုယ်တိုင်အသိတရား လက်ကိုင်ထား၍ ဆင်ခြင်စားသုံးကြရမည်သာဖြစ်သည်။


မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဝက်နားရွက်ပြာ ရောဂါစတင်ကူးစက်ပြန့်ပွားခဲ့ရာ ရောဂါရပ်စဲအောင် ထိန်းချုပ် နိုင်ခဲ့သော်လည်း မွေးမြူသူအချို့ဆုံးရှုံးနစ်နာခဲ့ကြသည်။  အာဖရိက ဝက်အပြင်းဖျားရောဂါသည် ၂၀၁၉ ခုနှစ်ခန့်တွင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့၌ဖြစ်ပွားခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ ရှမ်း ပြည်နယ် တာချီလိတ်ဒေသမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ရွှေဘို၊ ကောလင်း၊ ဝန်းသို၊ ထီးချိုင့်နှင့် ဗန်းမောက်မြို့နယ်များသို့ ကူးစက်ပျံ့နှံ့ခဲ့ပေသည်။


ဝက်နားရွက်ပြာရောဂါသည် လူသို့ကူးစက်ခြင်းမရှိသော် လည်း ဝက်များတွင် ကူးစက်မှုနှင့်သေဆုံးမှုနှုန်းမြင့်မား၍ မွေးမြူ ရေးလုပ်ငန်းကို စီးပွားရေးအရ လွန်စွာထိခိုက်သည်။ အာဖရိက ဝက်အပြင်းဖျားရောဂါသည် မွေးမြူရေးဝက်နှင့် တောဝက်များမှ သာအဓိကဖြစ်ပွားသည်။ အင်းဆက်ပိုးမွှားများ အကိုက်ခံရခြင်း၊ အစားအသောက်အညစ်အကြေးများမှဖြစ်စေ၊ ရောဂါရှိဝက်များမှ ဖြစ်စေ ကူးစက်ဖြစ်ပွားသည်။


ရောဂါဖြစ်ပွားနေသောဝက်မှာကိုယ်ပူခြင်း၊ အစာမစားခြင်း၊ မှိန်းခြင်း၊ အန်ခြင်း၊ အနီစက်၊ အနီကွက်များထွက်ပေါ်လာခြင်း၊ နှာခေါင်း၊ သွားဖုံးနားမှသွေးယိုခြင်းများဖြစ်ပြီး သေဆုံးသည်။ ကူးစက်မှုမြန်သည်။ 


ရောဂါကာကွယ်ရေးအတွက် ဝက်မွေးမြူရေးခြံ၊ ဇီဝလုံခြုံရေး ကို အထူးဂရုပြုရန်နှင့် မွေးမြူရေးခြံသုံးပိုးသတ်ဆေးဖြင့် ပိုးသတ် သန့်စင်ရန် တိရစ္ဆာန်၊ ယာဉ်ဖြတ်သန်းသွားလာမှု ထိန်းချုပ်ရန်၊ တစ်ပိုင်တနိုင်ဝက်မွေးမြူသူများ၊  စားကြွင်း၊  စားကျန်များ စုဆောင်းကျွေးမွေးပါက ကျက်အောင်ချက်ပြုတ်ပြီးမှ ဝက်များ ကျွေးမွေးရန်၊ ဝက်မွေးမြူရေးခြံလုပ်သားများအနေဖြင့် နှာခေါင်း စည်း၊  လက်အိတ်စနစ်တကျအသုံးပြုရန်နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးဆောင်ရွက်ရန်၊ ရောဂါဖြင့်သေဆုံးသောဝက်၊ မည်သည့်ရောဂါနှင့်မဆို သေဆုံး သောဝက်၏အစိတ်အပိုင်းဝယ်ယူဆောင်ခြင်း၊ လှီးဖြတ်ခြင်း၊ ရောင်းချခြင်း၊ စားသုံးခြင်းမပြုလုပ်ရန် သေဆုံးဝက်၏စားကြွင်း စားကျန်၊ အညစ်အကြေးများနှင့် အသုံးအဆောင်များကို မြေမြှုပ် မီးရှို့ဖျက်ဆီးရန်နှင့် တိရစ္ဆာန်တွင် ကူးစက်ရောဂါဖြစ်သည်ဟု သံသယရှိလျှင် သက်ဆိုင်ရာမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန များသို့ ဆက်သွယ်ဆောင်ရွက်ရန်  လိုအပ်သည်ဟု ဆိုချင်ပါ ကြောင်း ။






အခြားဆက်စပ်သတင်းများ