နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပိန်နိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူ ၉၀၀၀ ကျော် ရှိလာ

ဧပြီ ၂၊ မက်ဒရစ် စပိန်နိုင်ငံတွင် COVID-19 ကြောင့် တစ်ရက်အတွင်း စံချိန်တင် လူသေဆုံးမှုအဖြစ် လူ ၈၆၄ ဦး သေဆုံးခဲ့သည်။ COVID-19 ရောဂါကြောင့် ကမ္ဘာပေါ်တွင် ဒုတိယမြောက် လူသေဆုံးမှုအများဆုံး နိုင်ငံအဖြစ် ရပ်တည်နေသည့် စပိန်နိုင်ငံတွင် သေဆုံးသူ ၉၀၀၀ ကျော် ရှိနေပြီး ကမ္ဘာတစ်ဝန်းတွင် သေဆုံးသူ ၄၃၀၀၀ ကျော်လွန်ခဲ့ပြီဖြစ်သည်။ စပိန်နိုင်ငံတွင် ကူးစက်ခံရသူ ၁၀၀၀၀၀ ကျော်ရှိလာသော်လည်း ယခုနောက်ပိုင်းတွင် ကူးစက်ခံရမှုနှုန်း ကျဆင်းလာသည်။ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာ့အကြီးမားဆုံး စိန်ခေါ်မှုဖြစ်သည်ဟု ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောသည်။ စပိန်နိုင်ငံတွင် COVID-19 ကြောင့် ပြီးခဲ့သည့်ငါးရက်ဆက်တိုက် တစ်ရက်သေဆုံးသူ ၈၀၀ ကျော် ရှိခဲ့သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ