နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြည့်မြင်တိုင်မြို့နယ် အောက်ကြည့်မြင်တိုင်လမ်း ပန်းလှိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဝင်ပေါက် ပေါက်ကွဲမှုဖြစ်

ရန်ကုန် စက်တင်ဘာ ၁၄


ကြည့်မြင်တိုင်မြို့နယ်၊ ပန်းလှိုင် ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဝင်ပေါက် တွင် ယနေ့ နံနက် ၆ နာရီခွဲအချိန်ခန့်က ပေါက်ကွဲမှုဖြစ်ပွားသည်။


ပေါက်ကွဲမှုဖြစ်ပွားရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးရာ ပေါက်ကွဲမှုကြောင့် ရုံးအဝင်တံခါး အောက်ခြေ ပျက်စီးပြီးလူထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း၊ ပေါက်ကွဲရာ နေရာ၌ LoLo Keypad Phone အပိုင်းအစ၊ အချင်း ၂ လက်မ သံပိုက်၊ Telenor SIM Card တစ်ခု၊ 9V ဓာတ်ခဲအပိုင်းအစများ တွေ့ရသဖြင့် လက်လုပ်ဗုံး ပေါက်ကွဲခြင်းဖြစ်ကြောင်း နှင့် ပြစ်မှုကျူးလွန်သူအား ဖော်ထုတ် ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။


မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ