အိမ်မဲ စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြ ခရိုင်၊ အိမ်မဲမြို့နယ် လယ်ပေါ် ရပ်ကွက်(၁၃)လမ်းတွင် စက်တင်ဘာ ၁၂ ရက် ညက WY စိတ်ကြွရူးသွပ် ဆေးပြား ၁၁၇ ပြား ဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၂ ရက် ည ၁၁နာရီ ၅၅ မိနစ်အချိန်က အိမ်မဲ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကိုကိုနိုင်နှင့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ အိမ်မဲမြို့၊ လယ်ပေါ်ရပ်ကွက်၊ ၁၃ လမ်းရှိ ဦးခွေး နေအိမ်အား ငှားရမ်းနေ ထိုင်သူ ကျော်စည်သူ၊ ၂၉ နှစ်၊ (ဘ)ဦးလှကြည်၊ ၁၄/ပတန(နိုင်) ၁၈၁၇၆၀၊ ဗမာ/ ကျဘမ်း နေအိမ်အား ဧည့်စာရင်း စစ်ဆေးစဉ်မသင်္ကာသဖြင့် ရှာဖွေရာ အိပ်ခန်းထောင့် ပျဉ်ကြား၌ အပြာရောင် ကပ်ခွာအိတ်အတွင်းမှ ပလပ်စတစ်အကြည်ဖြင့် ထုပ်ထား သည့် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား (၁၁၆)ပြား၊ အလေးချိန် ၁၁ ဒသမ ၆ ဂရမ်၊ တစ်ပြားလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ကာလတန်ဖိုးငွေ ၃၄၈,၀၀၀ ကျပ်နှင့် WY စာတမ်းပါ အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြား တစ်ပြား၊ အလေးချိန် ၀ ဒသမ ၁ ဂရမ်၊ တစ်ပြားလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ကာလတန်ဖိုးငွေ ၅၀၀၀ ကျပ်၊ စုစုပေါင်း ၁၁၇ ပြား၊ အလေးချိန် ၁၁ ဒသမ ၇ ဂရမ်၊ ကာလတန်ဖိုးငွေ ၃၅၃၀၀၀ ကျပ်နှင့် နေအိမ်တိုင်တွင် ချိတ်ထားသည့် ၎င်း၏ လွယ်အိတ် အနက်ရောင်အတွင်းမှ ငွေ ၃၄၀၀၀ ကျပ်တို့ကို သိမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ WY စိတ်ကြွရူးသွပ် ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့်ပတ်သက် ၍ ဒုရဲအုပ် ကိုကိုနိုင်မှ တရားလို ပြုလုပ်တိုင်တန်းသဖြင့် အိမ်မဲမြို့မ ရဲစခန်းမှ မယ (ပ) ၁/၂၀၂၁၊ မူး/စိတ် ပုဒ်မ ၁၉ (က)/၂၀(က) ဖြင့် အမူဖွင့် ထားရှိပြီး ဒုရဲအုပ် ဥမ္မာကျော်မှ အမှု စစ်ဆေးလျက်ရှိကြောင်းနှင့် ကွင်းဆက်တရားခံများ ရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လွှမ်းသီဟ၊ ချစ်သက်လယ်
(အိမ်မဲ ပြန်/ဆက်)